ဟာဇက်၊ ဝီလီယံတို့ ဝတ်ဆင်သွားတဲ့ ကျောနံပါတ် ကို လမ်းပတ် ပေးဖို့ ရည်ရွယ်ထားတဲ့ အသင်းသား

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ လတ်တလောနှစ်များမှာ အသင်းကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ အီဒင်ဟာဇက်၊ ဝီလီယံတို့ ဝတ်ဆင်သွားတဲ့ ကျောနံပါတ် ၁၀ ဂျာစီဟာ လာမယ့် ရာသီအတွက် လစ်လပ်နေတာကြောင့် အသင်း တိုက်စစ်ကြယ်ပွင့် ပူလီဆစ်ကို ဝတ်ဆင်ခွင့်ပေးဖို့ ရည်ရွယ်ထားကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ထုတ်လိုက်ပါတယ်။

ဘရာဇီးသား ဝီလီယံဟာ လွန်ခဲ့တဲ့တစ်နှစ်က ဟာဇက် ရီးရဲလ်ထံ ထွက်ခွာသွားပြီးနောက် နံပါတ် ၁၀ ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပြီး ၎င်းကလည်း တစ်ရာသီ အကြာမှာပဲ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါကြောင့် နံပါတ် ၁၀ က လစ်လပ်နေပြီဖြစ်ပြီး ဘယ် ကစားသမား ဆက်ခံမလဲ စိတ်ဝင်စား ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

The Athletic သတင်းဌာန အဆိုအရတော့ ချယ်ဆီးအသင်းနဲ့ အတူ ပွဲဦးထွက် ရာသီမှာ အထင်ကြီးလောက်ဖွယ် အစွမ်းပြထားတဲ့ အမေရိကန်သားရဲ့ အားထုတ်မှုကို နည်းပြ လမ်းပတ်က အသိအမှတ်ပြုတဲ့ အနေနဲ့ နံပါတ် ၁၀ ဝတ်ဆင်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒါက နံပါတ် ၁၀ ကို အလိုရှိနေတဲ့ လူငယ်တိုက်စစ်သမား အိုဒွိုင်းအတွက်တော့ ထိုးနှက်ချက် တစ်ခု ဖြစ်နိုင်ပါတယ်။

အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ ကြိုးစားစဉ်မှာ ကစားသမား နှစ်သက်တဲ့ နံပါတ် ၁၀ ကို ပေးဝတ်မယ်လို့ ဂျာမန်ကလပ်ကလည်း စည်းရုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် လမ်းပတ် ရောက်လာ အပြီးမှာ အသင်းပြောင်းဖို့ ကိစ္စ ပျက်ပြယ်ခဲ့ပြီး ချယ်ဆီးနဲ့ သက်တမ်းတိုးဖြစ်ခဲ့ပါတယ်။

ပူလီဆစ်ဟာ လောလောဆယ် ချယ်ဆီးမှာ နံပါတ် ၂၂ ဝတ်ဆင်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ အသစ် ရောက်လာတဲ့ ကွင်းလယ်သမား ဟာကင်ဇီယက်ကို ထိုနံပါတ် လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်။ ဇီယက် တစ်ယောက် နံပါတ် ၂၂ ဝတ်ဆင် ကစားတာကို ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ တွေ့ခဲ့ရပါတယ်။ နောက်ထပ် ကစားသမားသစ် တီမိုဗာနာကလည်း ထိုပွဲမှာ နံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့ပါတယ်။

နောက်ထပ် ကစားသမားသစ် ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကတော့ သူ့ ကစားသမား ဘဝတလျောက်လုံး နံပါတ် ၂၉ ကို ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး ချယ်ဆီးမှာလည်း ထိုနံပါတ်ကို ဆက်လက် အလိုရှိဖွယ် ရှိပါတယ်။ ချယ်ဆီး လက်ရှိ ၂၉ က တိုမိုရီ ဝတ်ဆင်နေပြီး ၎င်းကတော့ အငှားထွက်ဖို့များနေပါတယ်။ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်ကစားမယ့် တနင်္လာနေ့ ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်တော့ ဂျာစီ နံပါတ်သစ်များကို အတည်ပြု ကြေငြာမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ လတ္တေလာနွစ္မ်ားမွာ အသင္းၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ အီဒင္ဟာဇက္၊ ၀ီလီယံတို႔ ၀တ္ဆင္သြားတဲ့ ေက်ာနံပါတ္ ၁၀ ဂ်ာစီဟာ လာမယ့္ ရာသီအတြက္ လစ္လပ္ေနတာေၾကာင့္ အသင္း တိုက္စစ္ၾကယ္ပြင့္ ပူလီဆစ္ကို ၀တ္ဆင္ခြင့္ေပးဖို႔ ရည္ရြယ္ထားေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ထုတ္လိုက္ပါတယ္။

ဘရာဇီးသား ၀ီလီယံဟာ လြန္ခဲ့တဲ့တစ္နွစ္က ဟာဇက္ ရီးရဲလ္ထံ ထြက္ခြာသြားျပီးေနာက္ နံပါတ္ ၁၀ ကို ေျပာင္းလဲ ၀တ္ဆင္ခဲ့ျပီး ၄င္းကလည္း တစ္ရာသီ အၾကာမွာပဲ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ဒါေၾကာင့္ နံပါတ္ ၁၀ က လစ္လပ္ေနျပီျဖစ္ျပီး ဘယ္ ကစားသမား ဆက္ခံမလဲ စိတ္၀င္စား ထင္ေၾကးေပးမႈေတြ ရွိေနပါတယ္။

The Athletic သတင္းဌာန အဆိုအရေတာ့ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပြဲဦးထြက္ ရာသီမွာ အထင္ၾကီးေလာက္ဖြယ္ အစြမ္းျပထားတဲ့ အေမရိကန္သားရဲ႕ အားထုတ္မႈကို နည္းျပ လမ္းပတ္က အသိအမွတ္ျပဳတဲ့ အေနနဲ႕ နံပါတ္ ၁၀ ၀တ္ဆင္ေစဖို႔ ရည္ရြယ္ထားေၾကာင္း သိရပါတယ္။ ဒါက နံပါတ္ ၁၀ ကို အလိုရွိေနတဲ့ လူငယ္တိုက္စစ္သမား အိုဒြိဳင္းအတြက္ေတာ့ ထိုးနွက္ခ်က္ တစ္ခု ျဖစ္နုိင္ပါတယ္။

အိုဒြိဳင္းကို ဘိုင္ယန္ျမဴးနစ္က ေခၚယူဖို႕ ၾကိဳးစားစဥ္မွာ ကစားသမား နွစ္သက္တဲ့ နံပါတ္ ၁၀ ကို ေပး၀တ္မယ္လို႔ ဂ်ာမန္ကလပ္ကလည္း စည္းရံုးခဲ့ဖူးပါတယ္။ ဒါေပမယ့္ လမ္းပတ္ ေရာက္လာ အျပီးမွာ အသင္းေျပာင္းဖို႔ ကိစၥ ပ်က္ျပယ္ခဲ့ျပီး ခ်ယ္ဆီးနဲ႕ သက္တမ္းတိုးျဖစ္ခဲ့ပါတယ္။

ပူလီဆစ္ဟာ ေလာေလာဆယ္ ခ်ယ္ဆီးမွာ နံပါတ္ ၂၂ ၀တ္ဆင္ေနတာ ျဖစ္ျပီး လက္ရွိမွာေတာ့ အသစ္ ေရာက္လာတဲ့ ကြင္းလယ္သမား ဟာကင္ဇီယက္ကို ထိုနံပါတ္ လႊဲအပ္လိုက္ျပီ ျဖစ္ပါတယ္။ ဇီယက္ တစ္ေယာက္ နံပါတ္ ၂၂ ၀တ္ဆင္ ကစားတာကို ဘရိုက္တန္နဲ႕ ေျခစမ္းပြဲမွာ ေတြ႔ခဲ့ရပါတယ္။ ေနာက္ထပ္ ကစားသမားသစ္ တီမိုဗာနာကလည္း ထိုပြဲမွာ နံပါတ္ ၁၁ ကို ၀တ္ဆင္ခဲ့ပါတယ္။

ေနာက္ထပ္ ကစားသမားသစ္ ျဖစ္တဲ့ ကိုင္ဟာဗက္ဇ္ကေတာ့ သူ႔ ကစားသမား ဘ၀တေလ်ာက္လံုး နံပါတ္ ၂၉ ကို ၀တ္ဆင္ခဲ့တာ ျဖစ္ျပီး ခ်ယ္ဆီးမွာလည္း ထိုနံပါတ္ကို ဆက္လက္ အလိုရွိဖြယ္ ရွိပါတယ္။ ခ်ယ္ဆီး လက္ရွိ ၂၉ က တိုမိုရီ ၀တ္ဆင္္ေနျပီး ၄င္းကေတာ့ အငွားထြက္ဖို႔မ်ားေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကစားမယ့္ တနလၤာေန႔ ဘရိုက္တန္နဲ႕ ပြဲမတိုင္ခင္ေတာ့ ဂ်ာစီ နံပါတ္သစ္မ်ားကို အတည္ျပဳ ေၾကျငာမွာ ျဖစ္ပါတယ္။