အင်္ဂလန် အပါအဝင် ဥရောပ အင်အားကြီး ၃ သင်း ထိပ်ဆုံးမှာ ရှိနေတဲ့ စူပါကွန်ပျူတာရဲ့ ယူရို ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ တွက်ချက် ခန့်မှန်းမှု

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ်တွေက ပြီးဆုံးသွားပြီး ၁၆ သင်း ရှုံးထွက် အဆင့်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်ကနေ စပြီး အသင်းတိုင်းဟာ ပွဲတိုင်းကို အမှားမခံတော့ဘဲ တောက်လျောက် အနိုင်ကစားသွားမှသာ ပြိုင်ပွဲမှာ တင်ကျန်ရစ်မှာပါ။

ရှုံးထွက် အဆင့်မှာ လက်ရှိ ချန်ပီယံ အီတလီက ဆွစ်ဇာလန်နဲ့ တွေ့မှာ ဖြစ်ပြီး အိမ်ရှင် ဂျာမနီက ဒိန်းမတ် အသင်းကို ရင်ဆိုင်ရမှာပါ။

အင်္ဂလန်က တနင်္ဂနွေညမှာ ဆလိုဗက်ကီးယားနဲ့ ကစားရမှာ ဖြစ်ပြီး စပိန်ကတော့ ရှုံးထွက်အဆင့်ဆီ အံ့အားသင့်ဖွယ် တက်လာတဲ့ ဂျော်ဂျီယာနဲ့ တွေ့ပါမယ်။

ပြင်သစ်ကတော့ ဘယ်လ်ဂျီယံနဲ့ ခက်ခဲတဲ့ပွဲ ရှိနေပြီး ပေါ်တူဂီက ဆလိုဗီးနီးယား၊ ရိုမေးနီးယားက နယ်သာလန်၊ သြစတြီးယားက တူရကီ တို့နဲ့ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။

အုပ်စုပွဲတွေမှာ ရုန်းကန်ခဲ့ရသည့်တိုင် Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာတော့ ဂျာမနီနဲ့ အင်္ဂလန် ဟာ ယူရို ချန်ပီယံ ဖြစ်ဖို့ အခြေအနေ အကောင်းဆုံး လို့ ပြနေပါတယ်။

အင်္ဂလန် အသင်းဟာ ယူရို ချန်ပီယံ ဖြစ်ဖို့ 19.98% ရှိနေပြီး ရာနှုန်း အများဆုံး ဖြစ်သလို ကွာတား ရောက်ဖို့ကလည်း 81.63% နဲ့ သေချာသလောက် ရှိပါတယ်။

စပိန်က ဒုတိယ နေရာကနေ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်း အဖြစ် အင်္ဂလန်နဲ့ သိပ်မကွာလှဘဲ 17.17% ရှိသလို အိမ်ရှင် ဂျာမနီရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက 15.83% ရှိပါတယ်။

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းတွက်ချက်မှု ဇယားက အောက်ပါ အတိုင်း ဖြစ်ပါတယ်။