ယူရို ၂၀၂၄ ပြိုင်ပွဲကတော့ ရှုံးထွက်အဆင့်ကို ရောက်လာပြီ ဖြစ်ပြီး ဒီအသင်းတွေကနေ ကွာတားဖိုင်နယ် အဆင့်ဆီ ဘယ်သူတွေ တက်ရောက်သွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဖြတ်မျဉ်း တစ်သင်း ဖြစ်တဲ့ ရိုမေးနီးယား အသင်းဟာ မထင်မှတ်ဘဲ ၁၆ သင်း အဆင့်ထိ ရောက်လာသလို ဥရောပ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ပေါ်တူဂီ တို့ကလည်း အစဉ်အလာ မပျက် အုပ်စုကနေ တက်လာခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟက်နဲ့ အတူ ရာသီသစ် အတွက် အားခဲပြင်ဆင်ကြဖို့ တာစူနေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှ အသင်းသား တချို့ဟာလည်း အခုထိ ယူရိုပြိုင်ပွဲမှာ ဆက်လက် ပါဝင်ကြဖို့ ရှိနေပါသေးတယ်။
ယူနိုက်တက် အသင်းသား ၇ ဦး က နိုင်ငံအသင်း ၄သင်းနဲ့ အတူ ယူရို ရှုံးထွက် အဆင့်ထိ တက်ရောက်သွားပြီ ဖြစ်ပြီး ၎င်းတို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Altay Bayindir – Turkey
ဒါလော့၊ ဖာနန်ဒက်စ် – Portugal
အဲရစ်ဆန်၊ ဟွိုင်လန်း – Denmark
မိုင်နူး၊ လုခ်ရှော – England
စကော့တလန် အသင်းကတော့ အုပ်စုကနေ အိမ်ပြန်ခဲ့ရပြီ ဖြစ်တာကြောင့် စကော့ မက် တော်မီနေးကတော့ ပြန်လာခဲ့ရပါပြီ။ လုခ်ရှောကတော့ အခုထိ အင်္ဂလန် အသင်းအတွက် မပါရသေးပေမယ့် ရှုံးထွက်အဆင့် ပွဲမှာတော့ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။