သရဲနီဟောင်း ဖြစ်သလို အင်္ဂလန် နောက်ခံလူဟေငာ်းကြီး ဂယ်ရီနဗီးကတော့ လာမယ့် ဆလိုဗက်ကီးယား အသင်းနဲ့ ယူရို ရှုံးထွက် ပွဲစသ်မှာ အင်္ဂလန်အသင်းသား ၃ ဦးဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် မရသင့်ဘူးလို့ ပွဲကြို သတိပေးလာပါတယ်။
ဒီနှစ် ဘလွန်းဒီအောဆု ရမယ့်သူလို့ နာမည်ကြီးနေတဲ့ ဘယ်လင်ဟမ်ဟာ တစ်ခုခု မှားယွင်းနေတယ်လို့ နဗီးက ခံစားမိနေပြီး လာမယ့် ဆလိုဗက်ကီးယားပွဲမှာ ကွင်းလယ်လူ ဘယ်လင်ဟမ် ကို ဖယ်ထုတ်ထားဖို့ အကြံပေးလာခဲ့ပါတယ်။
” လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကဆိုရင် ဘယ်လင်ဟမ်ကို အင်္ဂလန် ပွဲထွက်လူစာရင်းကနေ ဖယ်ထားဖို့ ဘယ်သူမှ မစဉ်းစားပါဘူး။ အခုချိန်မှာတော့ သူက တစ်ခုခု မူမမှန်ပါဘူး။ ဘာဖြစ်နေလဲတော့ မသိဘူးပေါ့။
ကွင်းလယ်မှာ မိုင်နူး ပါလာသင့်ပါတယ်။ ထရစ်ပီယာအတွက် ထရန့်ကို ထည့်ပေါ့။ ညာခြမ်းမှာတော့ ဆာကာအစား ကိုးပါလ်မာကို သုံးရပါမယ်။ ” လို့ နဗီးက ထင်မြင်ချက်ပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုမှာ ဟန်ချက်မညီဖြစ်နေပြီး ဘယ်အစွန်မှာ ရွေးချယ်စရာ ရှားပါးနေသလို ညာခြမ်းက ဝေါ်ကာကလည်း ရုန်းကန်နေရပါတယ်။
လူစာရင်းမှာ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်တွေရဲ့ ညာခြမ်းကို ပြင်ဆင်လိုက်ရင် အင်္ဂလန်အသင်း ကစားပုံ ပြန်တက်လာမယ်လို့ နဗီးက ယုံကြည်နေတာ ဖြစ်ပါတယ်။