ဟောလ် ကို ချယ်ဆီး ရပါပြီ၊ အင်္ဂလန်သား ကွင်းလယ်လူ အပြောင်းအရွှေ့ ဒီည အပြီးသတ် ကြေညာမည်

ချယ်ဆီးအသင်း လက်စတာ ကွင်းလယ်လူ ကီယာနန် ဒယူးစ်ဘူရီ ဟောလ် ကို ခေါ်ယူဖို့သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါပြီ။

အသက် ၂၅ နှစ် အရွယ် အင်္ဂလန်သား အတွက် ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၃ဝ ဝန်းကျင် ပေးရမှာ ဖြစ်ပြီး ကလပ်သစ်နဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုမယ် လို့ သိရပါတယ်။

ဒယူးစ်ဘူရီ ဟောလ် ဟာ ဒီတနင်္ဂနွေနေ့မှာပဲ ဆေးစစ်မှု ခံယူပြီး မကြာခင် တရားဝင် သတင်းထုတ်ပြန် ကြေညာဖွယ် ရှိပါတယ်။

ဟောလ် ကို ဘရိုက်တန်အသင်းကလည်း ချိတ်ဆက် ကြိုးစားနေပေမယ့် ချယ်ဆီးက ကျော်ဖြတ် ခေါ်ယူနိုင်ခဲ့တာပါ။

လက်စတာ အသင်းက ဟောလ် အပြောင်းအရွှေ့ကို ဇွန် ၃ဝ မကုန်ခင် အပြီးသတ်ဖို့ တွန်းအားပေးနေပြီး ပရီးမီးယားလိဂ် PSR စည်းမျဉ်းနဲ့ ညီအောင် ဟောလ် ရောင်းချမှု အမြန် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ဟောလ်ဟာ ဘယ်ခြေအားသန်၊ တိုက်စစ် အားသန်တဲ့ ကွင်းလယ်လူဖြစ်ပြီး ချယ်ဆီး နည်းပြသစ် မာရက်စကာရဲ့ စနစ်သစ်မှာ အံဝင်မယ်လို့ မျှော်လင့်ရပါတယ်။