မနေ့ညက ကစားခဲ့တဲ့ ရှုံးထွက်ပွဲမှာ အင်္ဂလန် က စလိုဗက်ကီးယားကို နောက်ကျခြေပဂိုးနဲ့အတူ အချိန်ပို မိနစ် ၃၀ မှာ ကိန်းရဲ့ ခေါင်းတိုက် သွင်းဂိုးဖြင့် အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အင်္ဂလန် အသင်းဟာ အတော် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နောက်ဆုံး ၂ မိနစ်အလိုမှာ ဘယ်လင်ဟမ်က ချေပဂိုးကို နောက်ပြန်ကန်ချက်ဖြင့် သွင်းယူပေးခဲ့တယ်။ အချိန်ပို ပထမပိုင်းမှာပဲ လူစားဝင် ကစားသမား တိုနေးရဲ့ ခေါင်းတိုက်ချက်က တစ်ဆင့် ဟယ်ရီကိန်းက ခေါင်းတိုက် သွင်းယူပါတယ်။
ဘယ်လင်ဟမ်နဲ့ ကိန်းကို ပွဲချိန် ၇၅ မိနစ်မှာ လူစားလဲဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် ဆောက်ဂိတ်က ယုံယုံကြည်ကြည် နေရာဆက်ပေးခဲ့ကာ သူ့ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်း အင်္ဂလန်နည်းပြက ပွဲအပြီး ပြောဆိုလာပါတယ်။
ဆောက်ဂိတ်က ‘ ဂိုးသွင်းသွားတဲ့ ၂ ယောက်ကို ပွဲ နောက်ဆုံး ၁၅ မိနစ်မှာ လူစားလဲဖို့ ပြောကြတာရှိပါတယ်။ သူတို့ သိပ်ကို ပင်ပန်းနေပြီလို့ ထင်နေကြတယ်။ သူတို့တွေ ဒါကို ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။
ဟယ်ရီနဲ့ ဂျုဒ်တို့နေရာ လူစားလဲပြီး လန်းဆန်းတဲ့ ကစားသမားတွေကို ဖြည့်တင်းသင့်လား? အဲ့တာက ခြားနားမှုဖြစ်စေမှာပါ။ ဒါပေမယ့် သူတို့တွေက ဒီအခြေအနေကို သူတို့ ကိုင်တွယ်ခဲ့သလို ကိုင်တွယ်နိုင်မယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လူတွေက အပြောင်းအလဲ လုပ်စေချင်ပေမယ့် ကိုယ့် အသင်းဟန်ချက်ညီမှုကိုပဲ ဦးစားပေးရမှာပဲ။ ဒီပွဲမှာ ကျနော် လုပ်ခဲ့တဲ့ လူစားလဲမှုတွေက ပွဲအပေါ် သက်ရောက်မှုရှိပါတယ်။ အသင်းသားတိုင်း အဆင်သင့်ဖြစ်နေရမယ်လို့ အချက်ပေးလိုက်သလိုပါပဲ ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။