ဘေးလူတွေ မကူရင် ဘယ်လင်ဟမ် ဆိုတာ ဘာမှ မလုပ်နိုင်ဘူး ဆိုတဲ့ ဝေဖန် သုံးသပ်ချက် ထွက်ပေါ်

ပြီးခဲ့တဲ့ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ထူးထူးခြားခြား ကစားသမားမျိုး မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက ဆိုပါတယ်။

ဒီတစ်ကြိမ် ယူရို မှာ ဘယ်လင်ဟမ်အပေါ် စောင့်ကြည့်မှုတွေ အများကြီး ရှိပေမယ့် အင်္ဂလန် ကွင်းလယ်လူဟာ ပုံမှန် စွမ်းဆောင်ရည်အောက်မှာပဲ ရှိနေပြီး ဂိုး ၂ ဂိုး သွင်းယူခဲ့တာကလွဲလို့ အကောင်းဆုံး စွမ်းဆောင်ရည် မပြသနိုင်ပါဘူး။

အင်္ဂလန်သားဟာ ဘေးနားက အသင်းဖော်တွေကောင်းနေလို့ ထင်ပေါ်နေခြင်းဖြစ်ကြောင်း ယူရိုပြိုင်ပွဲက သက်သေပဲလို့ ဒီဒီဟာမန်းက မြင်ပါတယ်။

” သူ့ အသင်းဖော်တွေ မရှိခဲ့ရင် ဘယ်လင်ဟမ် က ဘာမှမဟုတ်ပါဘူး။ သူ ဂိုးသွင်းတာကို ဖယ်လိုက်မယ်ဆိုရင် သူလုပ်နိုင်တာ ဘာများရှိလို့လဲ။

ယူရို ပထမဆုံး ၄ ပွဲမှာလည်း သူလုပ်ပြခဲ့တာမျိုး မမြင်ထားရဘူး။ နောက်ထပ် ၂-၃ နှစ်လောက်ကြာရင် သူ ဘယ်အနေအထား ရောက်နေမလဲ စောင့်ကြည့်ချင်မိပါတယ်။ ” လို့ လီဗာပူး ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲဦးထွက် ဘောလုံးရာသီမှာ ၄၂ ပွဲအတွင်း ကိုယ်တိုင် ၃၆ ဂိုး သွင်းယူထားသူပါ။ သူဟာ ယူရိုမှာလည်း သွင်းဂိုး ၂ ဂိုး ရထားသေးတာ ဖြစ်ပါတယ်။