ယူရိုမှာ စပိန်အသင်းနဲ့ အတူ အစွမ်းပြနေတဲ့ ကွင်းလယ်သမားကို မန်စီးတီးအသင်း မျက်စိကျနေ

နည်းပြ ပက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ယူရို ၂၀၂၄ မှာ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးကို အထူးစိတ်ဝင်စားနေကြောင်း သတင်းတွေ အတော် ထွက်လာပါတယ်။

လက်ရှိ ယူရိုမှာ ချန်ပီယံခြေစွမ်း ပြသနေတဲ့ စပိန်အသင်းဟာ ခရိုအေးရှား၊ အီတလီ၊ အယ်လေးနီးယား၊ ဂျော်ဂျီယာနဲ့ အီတလီတို့ကို ကျော်ဖြတ်လာခဲ့တာပါ။ စပိန်အတွက် ခြေစွမ်းပြနေသူတွေထဲမှာ ကွင်းလယ်လူ အော်မိုလည်း ပါဝင်ပါတယ်။

လိုက်ဇစ် နဲ့ စပိန် ကွင်းလယ် ကစားသမား အော်မို က တိုက်စစ်ပိုင်းအားသန်သူဖြစ်ကာ နေရာအတော်များများမှာ ကစားနိုင်ပါတယ်။

စီးတီးဟာ စပိန်သားလေးကို အာရုံစိုက်လာနေကာ ဂွာဒီယိုလာကလည်း အော်မိုရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ ဂျာမာန်သတင်းဌာန BILD က ဖော်ပြလာပါတယ်။

ဂွာဒီယိုလာ ကိုယ်တိုင်က ” အော်မိုက ကစားသမားကောင်းပါ၊ ကောင်းမွန်တဲ့ အနာဂတ်လည်း ရှိထားသူပါ ” လို့ ၂၀၁၉ တုန်းက ထုတ်ဖော်ခဲ့ဖူးပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူလိုတယ်ဆိုရင် ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်ခင်ထိ ယူရို သန်း ၆၀ ပေးရင် အသင်းပြောင်းခွင့်ရှိထားကြောင်းလည်း သိရတယ်။ အဲ့နောက်ပိုင်းမှာတော့ လိုက်ဇစ်ဘက်က ပိုများတဲ့ ပမာဏ တောင်းဆိုခွင့်ရှိပါတယ်။