ပြင်သစ် နာမည်ကြီး ကြယ်ပွင့်ကို စပိန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အရန်ခုံ ထိုင်ထားခိုင်းမယ့် နည်းပြ ဒက်ချမ့်

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကတော့ နောက်ဆုံး အဆင့်တွေဆီ ရောက်လာပြီ ဖြစ်ပြီး ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဖိုင်နယ်ပွဲပဲ ကစားဖို့ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန် vs နယ်သာလန် ဆိုတဲ့ ပွဲကောင်းရှိသလို ပြင်သစ် vs စပိန် ကလည်း ပရိသတ် စိတ်ဝင်စားမှု မြင့်မားနေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဂျာမနီကို ၂-၁ ဖြင့် အနိုင်ရပြီး နောက်ဆုံး ၄ သင်းထဲ ပါဝင်လာတဲ့ စပိန်ဟာ လက်ရှိမှာ ယူရို ၂၀၂၄ ချန်ပီယံဖြစ်လာဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာနေတယ်။

ဒီလို အသင်းကို ရင်ဆိုင်ရမယ့် ပြင်သစ်အသင်း လူစာရင်းအတွက် နည်းပြဒက်ချမ့်က အလေးအနက် စဉ်းစားမှုတွေ လုပ်လာနေပါတယ်။

အခုချိန်ထိ ပြင်သစ်ကစားသမား တစ်ဦးကမှ ကစားကွက် ကနေ ဂိုးမသွင်းနိုင်သေးပါဘူး။ ပြင်သစ်အသင်းဟာ ယူရိုမှာ သွင်းဂိုး ၃ ဂိုးရထားပြီး အမ်ဘာပေရဲ့ ပင်နယ်တီ ဂိုးအပြင် ကျန် ၂ ဂိုးကတော့ ပြိုင်ဘက်ကစားသမားတွေ OG သွင်းဂိုးတွေ ဖြစ်ပါတယ်။

နည်းပြဒက်ချမ့်ကတော့ ကလပ်ရဲ့ လက်ထောက် အသင်းခေါင်းဆောင်ဖြစ်တဲ့ တိုက်စစ်မှူး ဂရဇ်စမန်းကို လူစာရင်းကနေ ဖယ်ထုတ်ကာ အရန်ခုံ ထိုင်ခိုင်းမယ်လို့ ပြင်သစ် L’Equipe သတင်း က ဖော်ပြတယ်။

စပိန်ကို ရင်ဆိုင်ဖို့ရာ လာလီဂါသမ္ဘာရှိတဲ့ ဂရဇ်စမန်း မထည့်ဘဲ ခံစစ်ပိုင်း ပိုကျစ်လစ်တဲ့ တိုက်စစ်အတွဲကို ထုတ်သုံးမယ်လို့ သိထားရပါတယ်။