ဒီည စပိန် – ပြင်သစ် တို့ရဲ့ ယူရို ဆီမီးဖိုင်နယ် ပွဲ အတွက် ခရစ်ဆက်တန် ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီည/ ဗုဒ္ဓဟူးနေ့ မနက်မှာ ယှဉ်ပြိုင်ကစားမယ့် စပိန် vs ပြင်သစ်တို့ရဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲအတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်

ပြင်သစ်အသင်းက ခံစစ်ပိုင်းမှာ ကောင်းမွန်ပါတယ်။ ဆာလီဘာနဲ့ အူပါမီကာနို အတွဲက ထူးချွန်သလို ဂိုးသမား မိုက်ခ်ကလည်း သိပ်ကောင်းသူပါ။

တိုက်စစ်ပိုင်းမှာတော့ ပေါ်တူဂီပွဲမှာ ပြသခဲ့တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျနော် အံ့အားတောင်သင့်မိပါတယ်။ ဒမ်ဘီလီက လူစားဝင်လာပြီး စွမ်းဆောင်ပြပေမယ့် အမ်ဘာပေက အကောင်းဆုံး မလုပ်နိုင်ပါဘူး။

စပိန်ကတော့ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အသင်းပါ။ သူတို့က ပြင်သစ်၊ အင်္ဂလန်တို့နဲ့ မတူဘဲ သူတို့ လုပ်ပြနေသမျှ အားလုံးက အထင်ကြီးစရာ ကောင်းပါတယ်။ တခါတလေ လုံလောက်တဲ့ ရက်စက်မှုတွေ မလုပ်နိုင်တာကလွဲလို့ပေါ့။

ကျနော်ကတော့ ဒီပွဲကို စပိန်နိုင်မယ် ထင်ပါတယ်။ ယာမယ်က သိပ်ကို ကောင်းပြနေပြီး နီကိုး ဝီလီယမ်ကလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားလားလို့ အငြင်းပွားစရာပါ။ ကွင်းလယ်မှာ ရိုဒရီနဲ့ ဖေဘီယန် ရုဇ်တို့ကလည်း သိပ်ကောင်းပါတယ်။

ပြင်သစ်မှာ အမ်ဘာပေလို စူပါစတား ရှိတယ်။ ကူကူရယ်လာကို ပြဿနာပေးနိုင်မယ့် ဒမ်ဘီလီလို တိုက်စစ်သမားလည်း ရှိတယ်။ ဒါပေမယ့် ဒီပွဲမှာ စပိန်အသင်း အနိုင်ရဖို့ များပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

စပိန် ၂-၁ ပြင်သစ်