ဘရိုက်တန် Vs ချယ်ဆီးပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီကတော့ ဒီသီတင်းပတ်ကုန်က စလို့ စတင်ပြီပဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲဦးထွက် ပွဲစဉ် ၁ မှာ ဘရိုက်တန်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီပွဲ အတွက် မိုက်ကယ်အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ကျနော်ရဲ့ အမြင်မှာတော့ မနှစ်တုန်းက ဘရိုက်တန်ဟာ တန်းဆင်းဇုန်နားမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ကျစ်လစ်တဲ့ ကစားဟန်ကို ပိုင်ဆိုင်လာပါမယ်။ သူတို့ရဲ့ ကစားသမားတွေက ဒီရာသီမှာ ကစားဟန်သစ်နဲ့ ပိုမိုကောင်းကောင်း ကစားလာနိုင်မှာပါ။

ရာသီကြိုမှာ ချယ်ဆီးက ဈေးကွက်ထဲကို အများကြီး ဝင်ရောက်လှုပ်ရှားထားတယ်။ သူတို့က အရည်အချင်းရှိတဲ့ ကစားသမား အများကြီးကို ခေါ်ယူအားဖြည့်ထားတာကိုလည်း သံသယမရှိပါဘူး။

အားလုံးရဲ့ မျက်လုံးတွေက မန်နေဂျာလမ်းပတ်နဲ့ သူ့ရဲ့ အသင်းအပေါ်မှာ စိုက်ကြည့်နေကြမှာဖြစ်တယ်။ ဒီတော့ ရာသီသစ်ကို စတင်ဖို့ရာ လေ့ကျင့်ရေးမှာ သူတို့ ပြင်းပြင်းထန်ထန် အားထုတ်ရဖို့ ရှိနေပါတယ်။

ဒီရာသီ ချယ်ဆီးရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်ဖို့ရာ ကျနော်ကတော့ အရမ်း စိတ်လှုပ်ရှားနေတယ်။ ရာသီကြိုမှာ ရေပန်းအစားဆုံး အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ကို ချယ်ဆီးက တကယ်ကို စိန်ခေါ်နိုင်မယ်လို့ ကျနော်ထင်တယ်။ လမ်းပတ်ရဲ့ အသင်းအတွက် အနိုင်ကလွဲရင် အခြားရလဒ် ထွက်မှာ မဟုတ်ဘဲ ချယ်ဆီးက ၃-၁ နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။ ” လို့ ခန့်မှန်းထားပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီကေတာ့ ဒီသီတင္းပတ္ကုန္က စလို႔ စတင္ျပီပဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ပြဲဦးထြက္ ပြဲစဥ္ ၁ မွာ ဘရိုက္တန္အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။ ဒီပြဲ အတြက္ မိုက္ကယ္အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” က်ေနာ္ရဲ႕ အျမင္မွာေတာ့ မႏွစ္တုန္းက ဘရိုက္တန္ဟာ တန္းဆင္းဇုန္နားမွာ ရုန္းကန္ခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ က်စ္လစ္တဲ့ ကစားဟန္ကို ပိုင္ဆုိင္လာပါမယ္။ သူတို႔ရဲ႕ ကစားသမားေတြက ဒီရာသီမွာ ကစားဟန္သစ္နဲ႔ ပိုမိုေကာင္းေကာင္း ကစားလာႏုိင္မွာပါ။

ရာသီၾကိဳမွာ ခ်ယ္ဆီးက ေစ်းကြက္ထဲကို အမ်ားၾကီး ဝင္ေရာက္လႈပ္ရွားထားတယ္။ သူတို႔က အရည္အခ်င္းရွိတဲ့ ကစားသမား အမ်ားၾကီးကို ေခၚယူအားျဖည့္ထားတာကိုလည္း သံသယမရွိပါဘူး။

အားလံုးရဲ႕ မ်က္လုံးေတြက မန္ေနဂ်ာလမ္းပတ္နဲ႔ သူ႔ရဲ႕ အသင္းအေပၚမွာ စိုက္ၾကည့္ေနၾကမွာျဖစ္တယ္။ ဒီေတာ့ ရာသီသစ္ကို စတင္ဖို႔ရာ ေလ့က်င့္ေရးမွာ သူတို႔ ျပင္းျပင္းထန္ထန္ အားထုတ္ရဖို႔ ရွိေနပါတယ္။

ဒီရာသီ ခ်ယ္ဆီးရဲ႕ တိုးတက္မႈေတြကို ေစာင့္ၾကည့္ဖို႔ရာ က်ေနာ္ကေတာ့ အရမ္း စိတ္လႈပ္ရွားေနတယ္။ ရာသီၾကိဳမွာ ေရပန္းအစားဆံုး အသင္းေတြျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ခ်ယ္ဆီးက တကယ္ကို စိန္ေခၚႏုိင္မယ္လို႔ က်ေနာ္ထင္တယ္။ လမ္းပတ္ရဲ႕ အသင္းအတြက္ အႏုိင္ကလြဲရင္ အျခားရလဒ္ ထြက္မွာ မဟုတ္ဘဲ ခ်ယ္ဆီးက ၃-၁ နဲ႔ အႏုိင္ရမယ္လို႔ ထင္ပါတယ္။ ” လို႔ ခန္႔မွန္းထားပါတယ္။