ပရီးမီးယားလိဂ်က သူတို့ကို မတရားလုပ်နေတယ် လို့ တပြန် စွပ်စွဲကာ ထောက်ပြလိုက်တဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးကတော့ ပရီးမီးယားလိဂ် ဟာ သူတို့ကို မလျော်ကန်စွာ၊ တရားမျှတမှု မရှိစွာနဲ့ သူတို့ကို ဖိအားပေး စစ်ဆေးနေတယ် လို့ စွပ်စွဲလိုက်ပါတယ်။

မန်ချက်စတာကလပ်ရဲ့ commercial ဝင်ငွေတွေကို နာမည်ကြီး အားကစား စိစစ်ရေး analysis ကုမ္ပဏီ ဖြစ်တဲ့ Nielsen Sports က ကိုင်တွယ်နေပြီး ဒါဟာ မမျှတဘူးလို့ စီးတီးဘက်က ပြောဆိုလာတာပါ။

Nielsen Sports ဟာ စီးတီးရဲ့ ပြိုင်ဘက် အသင်းကြီးတွေနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်နေတာကြောင့် စီးတီးရဲ့ ဒေတာတွေကို စိစစ်ဖို့ ယုံကြည်ပေးနိုင်ဖွယ် မရှိဘူးလို့ ယူဆနေတာပါ။

ပရီးမီးယားလိဂ် ရဲ့ မန်စီးတီးအသင်း ပေါ် တရားစွဲဆိုထားတဲ့ ၁၁၅ မှု ကရှိနေသေးပြီး ဒီအတွက် စီးတီးရဲ့ ငွေပေး ငွေယူတွေကိုလည်း စစ်ဆေးမှု ရှိနေပါတယ်။

အမှုတွေ အတွက် ကြားနာ စစ်ဆေးမှုဟာ မကြာခင် ပြုလုပ်မယ် ဆိုပေမယ့် ဘယ်နေ့လဲ အတိအကျ ဆိုတာကို လူအများသိအောင်တော့ ကြေညာထားခြင်း မရှိသေးပါဘူး။