ဒီည အင်္ဂလန် – စပိန် တို့ ထိပ်တိုက်တွေ့မယ့် ယူရို ဗိုလ်လုပွဲ အတွက် ခရစ်ဆက်တန် ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အင်္ဂလန်နဲ့ စပိန်တို့ ထိပ်တိုက်တွေ့မယ့် ယူရို ဗိုလ်လုပွဲ ကတော့ ဒီ တနင်္ဂနွေညမှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒီ ဖိုင်နယ် အတွက် ဘီဘီစီမှ ဝါရင့် အားကစားကလောင်ရှင် ခရစ်ဆက်တန် က ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းချက် ပြုလုပ်ထားပါပြီ။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

စပိန် ကစားသမားတွေက ပွဲကို နားလည်နိုင်စွမ်းရှိသလို ပွဲဖတ်နိုင်စွမ်း ရှိကြပါတယ်။ စပိန်ဘက်က ခပ်မြင့်မြင့်နေရာတွေမှာ ဖိအားပေးမှာဖြစ်သလို အောက်ဘက်မှာ ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းနဲ့ ဆင်းကစားကာ ဖိုဒန်ကို နေရာလွတ် မပေးရဖို့ အားထုတ်ပါလိမ့်မယ်။

သူတို့ ဘောလုံးပြန်ရပြီဆိုတာနဲ့ ပေးချက် ၂ ချက်လောက်နဲ့ အပြေးသမားတွေဟာ အင်္ဂလန်ကို ကျော်ဖြတ်ဖို့ ကြိုးစားပါလိမ့်မယ်။

ဝီလီယမ်နဲ့ ဝေါ်ကာ ထိပ်တိုက်တွေ့မှုက ကြည့်လို့ သိပ်ကောင်းမှာပါ။ ဒါက ပွဲအဖြေကို အဆုံးအဖြတ်ပေးမယ့် တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကလည်း အဆက်မပြတ် ထိုးနှက်မှုတွေအစား အရေးကြီး အခိုက်အတန့်တွေမှာ အနေအထားကောင်းကို ရှာဖွေနိုင်တဲ့အသင်း ဖြစ်ပါတယ်။

ကျနော်ကတော့ စပိန်ဟာ ရှင်းလင်းတဲ့ ကစားဟန်ရှိပြီး ပိုကောင်းတဲ့အသင်းလို့ မြင်တယ်။ အင်္ဂလန်ကလည်း ဒီပြိုင်ပွဲမှာ သူတို့ အားထုတ်ခဲ့တဲ့ နည်းလမ်းအတိုင်း အားထုတ်မှာပဲ။ သူတို့ နိုင်ခဲ့တဲ့ ပွဲတွေမှာလည်း အကောင်းဆုံး ခြေစွမ်းတွေ ရထားခဲ့တာ မဟုတ်ပါဘူး။

ဆောက်ဂိတ်ရဲ့ အသင်းက ယုံကြည်မှုတွေ တိုးပွားလာနေသလို စပိန်ကို နာကျင်စေမယ့် တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ ရှိထားပါတယ်။ ဒါပေမယ့် အဲ့တာက စပိန်ကို ထိခိုက်ဖို့ လုံလောက်စေမှာ မဟုတ်ပါဘူး။

အင်္ဂလန်ကို ဆောက်ဂိတ်တို့ အဖွဲ့ ယူရိုဖလား ပြန်သယ်လာမှာကို ကျနော် မြင်ချင်ပါတယ်။ ဒါပေမယ့် သူတို့ ချန်ပီယံဖြစ်မယ်လို့ မျက်လုံး စုံမိတ် မပြောလိုပါဘူး။ ကျနော်ကတော့ စပိန် နိုင်မယ် ထင်ပါတယ်။ ပြိုင်ပွဲအတွင်း လက်ရှိ ခြေစွမ်းတွေအရ အင်္ဂလန်က သူတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ စပိန် ၂-၁ အင်္ဂလန်