ဒီနေ့ တနင်္ဂနွေနေ့ည ၁ နာရီခွဲ အချိန်မှာတော့ အင်္ဂလန်နဲ့ စပိန် အသင်းတို့ဟာ ယူရိုဖလား ဖိုင်နယ်ပွဲ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။
အဆိုပါပွဲမှာ အင်္ဂလန်အသင်းအတွက် သရဲနီ လူငယ်ကြယ်ပွင့်လေး ကွင်းလယ်လူ မိုင်နူး ဂိုးသွင်းလိမ့်မယ်လို့ ရွန်းနီက ယုံကြည်နေသလို အနိုင်ရမယ် သူထင်တဲ့ အသင်းကိုလည်း ခန့်မှန်းပေးလာပါတယ်။
ဝိန်းရွန်းနီက ‘ ဖိုင်နယ်ပွဲမှာ မိုင်နူးနဲ့ ပတ်သက်ပြီး ခံစားချက်ရနေတယ်။ သူ ဂိုးသွင်းပြီး ပြတ်ပြတ်သားသား သက်သေပြပါလိမ့်မယ်။
ဒီပြိုင်ပွဲမှာ သူဟာ နေရာကောင်းတွေမှာ ပါဝင်ကစားရပြီး တိုက်စစ်လိုက်ပါခွင့်ရထားပါတယ်။ စပိန်ကလည်း အိမ်စာကျေအောင် လုပ်လာမှာပါ။ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဆာကာနဲ့ ဘယ်လင်ဟမ်ကြား နေရာလွတ်တွေကို ပိတ်ထားမှာပါ။
အဲ့တာကပဲ နောက်ကျမှ တိုက်စစ်ကို ရောက်လာမယ့် ကွင်းလယ်လူတွေကို နေရာလွတ် ရစေပါလိမ့်မယ်။ မိုင်နူးက ပိတ်သွင်းခွင့်ရပါလိမ့်မယ်။
ဘယ်အသင်းနိုင်မလဲဆိုရင်တော့ စိတ်ဝင်စားစရာပွဲကို ကြည့်ရမှာဖြစ်ပြီး နှစ်သင်းလုံး အနိုင်ရနိုင်ချေ ရှိပါတယ်။ စပိန်က အမြင့်ဆုံး တန်ပိုမှာ အကောင်းဆုံး ကစားနိုင်နေတာက အင်္ဂလန်အတွက် ခက်ခဲစေနိုင်ပါတယ်။
အက်ဖ်အေဖိုင်နယ်ပွဲမှာ ရိုဒရီကို ကျော်ဖြတ်ပြီး မိုင်နူး ဂိုးသွင်းခဲ့တာကို မှတ်မိသေးတယ်။ ဒီပွဲမှာလည်း သူက အဲ့လို ထပ်လုပ်ပြမှာပါ။ သိပ်ကောင်းတဲ့ ဖိုင်နယ်မှာ အင်္ဂလန် အနိုင်ရပါလိမ့်မယ်။ ’ လို့ ခန့်မှန်းခဲ့ပါတယ်။