နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ပြီဖြစ်ကြောင်း ဒီနေ့မှာပဲ တရားဝင် ကြေညာသွားကာ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
အင်္ဂလန် နည်းပြအဖြစ် ၈ နှစ်ကြာ တာဝန်ယူအပြီးမှာ ဆောက်ဂိတ်က သူ့ရဲ့ ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆောက်ဂိတ်ဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၁၀၈ ပွဲထိ တာဝန်ယူခဲ့ပါတယ်။
သူ တာဝန်ယူတဲ့ ကာလအတွင်းမှာ အင်္ဂလန်ဟာ ပြိုင်ပွဲကြီးတွေရဲ့ အမြင့်ဆုံးအဆင့်တွေကို ပြန်ရောက်ခဲ့ပေမယ့် ဆုဖလား အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ယူရိုမှာ ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ကာ ဒုတိယနေရာတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နည်းပြဆောက်ဂိတ်က ” အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့ရတာကော နည်းပြရတာကိုကောပါ အင်္ဂလိပ်တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ကျနော်အတွက် အရမ်း အဓိပ္ပာယ်ရှိသလို အစွမ်းကုန်လည်း အားထုတ်ပေးခဲ့ပါတယ် ” လို့ နှုတ်ဆက်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ် နေရာကို အစားထိုးဖို့ ရှာဖွေသွားမှာဖြစ်ကာ ရေပန်းစားနာမည်တွေ ထွက်ပေါ်လိုနေပါပြီ။
အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်သူ ၅ ဦးထဲမှာ အန်ဒီဟောင်း၊ ပိုချက်တီနို၊ တူချယ်၊ ဂရေဟမ်ပေါ်တာနဲ့ အင်္ဂလန် ယူ-၂၁ နည်းပြ လီကာစလေ တို့က ရေပန်းစားနေပါတယ်။
ထို ရေပန်းစား ၅ ဦး ပြင်ပမှာတော့ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်အပြင် ယာဂင်ကလော့ပ်တို့ဟာ အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်ကြောင်း ဖော်ပြချက်တွေ ရှိလာနေပြီ ဖြစ်ပါတယ်။