မန်ချက်စတာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခရီးစဉ် လိုက်ပါသွားတဲ့ ၂၉ ဦး လူစာရင်း

မန်ချက်စတာ ယူနိုက်တက် ဟာ ၂၀၂၄ ခုနှစ် အမေရိကန် ရာသီကြို ခရီးစဉ် လိုက်ပါမယ့် ၂၉ ဦး လူစာရင်းက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြို လူစာရင်းမှာ ဒီနွေမှာ ခေါ်ယူထားတဲ့ တိုက်စစ်မှုးသစ် ဇီရစ်ဇီးတော့ မပါဝင်လာပါဘူး။ ကိုပါအမေရိကနဲ့ ယူရိုပြိုင်ပွဲဝင်ထားတဲ့ ယူနိုက်တက် အသင်းသားတွေနဲ့ အတူ ၎င်းက နောက်ရက်များမှ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တည်းက ကာရင်တန်မှာ ရောက်နေကြတဲ့ အဲရစ်ဆန်၊ တွမ်ဟစ်တန်၊ ဟွိုင်လန်းနဲ့ တော်မီနေးတို့ကတော့ ရာသီကြို ခရီးစဉ် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြိုခရီးစဉ် လိုက်ပါသွားတဲ့ လူစာရင်း

GOALKEEPERS: Tom Heaton, Demot Mee, Andre Onana, Radek Vitek

DEFENDERS: Harry Amass, Rhys Bennett, Jonny Evans, Will Fish, Victor Lindelof, Harry Maguire, Sam Murray, Aaron Wan-Bissaka, Leny Yoro

MIDFIELDERS: Casemiro, Toby Collyer, Christian Eriksen, Hannibal, Jack Fletcher, Sam Mather, Scott McTominay, Mason Mount, Maxi Oyedele, James Scanlon

FORWARDS: Antony, Amad, Rasmus Hojlund, Marcus Rashford, Jadon Sancho, Ethan Wheatley

ဒါလော့၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ မိုင်နူး၊ မာတီနက်ဇ်၊ ဘေယင်ဒါ၊ ပယ်လစ္စထရီနဲ့ လုခ်ရှောတို့ က နိုင်ငံပွဲတွေ ကစားထားရတာကြောင့် နောက်ကျမှ ပါဝင်လာမှာပါ။ မာလာစီယာကလည်း ဒဏ်ရာကနေ ပြန်လည် ကြံ့ခိုင်မှု လေ့ကျင့်ရေးများ လုပ်ဆောင်မှာ ဖြစ်တာကြောင့် အမေရိကသို့ မလိုက်သွားပါဘူး။