မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ နိုင်ငံပွဲတွေနဲ့ ပြိုင်ပွဲ ပေါင်းစုံ ဆက်နေတာကြောင့် သူတို့ ကစားသမားတွေ ရာသီကြို ထရိန်နင်မှာ အစုံအလင် မလာနိုင်တာကြောင့် ဘောလုံးရာသီ စချိန်မှာ အထနှေးလိမ့်မယ် လို့ ကြိုတင် ပြောဆိုလိုက်ပါတယ်။
အမေရိကန် ရာသီကြို ခရီးစဉ်မှာ စီးတီးက နှစ်ပွဲဆက်တိုက် ရှုံးထားပြီး လူငယ် အများစုနဲ့သာ ပွဲထုတ် နေရာတာပါ။ ရိုဒရီ၊ ဖိုဒန်၊ ဝေါ်ကာ စတဲ့ ကစားသမားတွေက ယူရိုပြိုင်ပွဲ ကစားထားတာကြောင့် အသင်းထံ ပြန်မလာသေးပါဘူး။
စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ကစားသမားတွေ မနားတမ်း ပြိုင်ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ အပေါ် ထပ်မံ Highlight လုပ်လာပြီး စီးတီးရဲ့ ရာသီအစ ပွဲတွေမှာ အမှတ်လျော့နိုင်တယ်လို့ ကြိုတင် အသိပေးလာခဲ့တာပါ။
” ကျွန်တော်တို့ ကစားသမားတွေ ပြန်လာတာ နောက်ကျလိမ့်မယ်၊ ဒီနှစ်တော့ အထနှေးမယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲတင် မဟုတ်ဘူး၊ ချယ်ဆီး၊ Ipswich တို့နဲ့ ပွဲတွေမှာရောပဲ။
အမှတ်တွေ အများကြီး မလျော့ဖို့ပဲ ကြိုးစားရမှာပါ၊ ပြိုင်ဆိုင်နိုင်ဖို့ရောပေါ့။ ကျွန်တော်တို့မှာ ကစားသမား အစုံအလင် ရှိမှာ မဟုတ်ဘူး၊ သူတို့ အနားယူဖို့ လိုတယ်။
တကယ့် ဘော့စ်တွေနဲ့ ဖီဖာ၊ ယူအီးအက်ဖ်အေ၊ ပရီးမီးယားလိဂ် စတဲ့ အဖွဲ့အစည်းကြီးတွေကို ကစားသမားတွေ အတွက် ထည့် မစဉ်းစားပေးဘူး ဆိုရင် မန်နေဂျာတွေကတော့ စဉ်းစားပေးရတော့မှာပဲ၊ မဟုတ်ရင် သူတို့ သေကုန်ကြလိမ့်မယ်။
တကာ်ကို လွန်လွန်းတယ်။ ဒါကြောင့် ၃ ပတ်၊ တလလောက် နားချိန် လိုတယ်။ ပြိုင်ပွဲကလည်း ရှိနေတော့ အသားကျအောင် လုပ်ကြရတော့မှာပဲ။ ” လို့ ပက်က ပြောဆိုခဲ့တာပါ။
ကစားသမားတွေရဲ့ နွမ်းနယ်မှုနဲ့ ပတ်သတ်ပြီး ပက်က ” အဖြေကတော့ ခုထိ မရှိသေးဘူး။ အဖြေကို ရှာဖို့ ရည်ရွယ်ချက် မရှိရင် ဘယ်လိုလုပ် ဖြေရှင်းနိုင်မလဲ။ ” လို့ ထပ်မံ ပြောဆိုခဲ့ပါသေးတယ်။
စီးတီးက ပရီးမီးယားလိဂ် ရာသီ အစမှာ အမှတ်လျော့နိုင်တယ် ပက်က ပြောဆိုနေပေမယ့် အာဆင်နယ် နည်းပြ အာတီတာကတော့ လာမယ့်ရာသီမှာ လိဂ်ပွဲ ၃၈ ပွဲလုံး အနိုင်ကစားကာ ချန်ပီယံ ဖြစ်ဖို့ လုပ်မယ်လို့ ဆိုထားပါတယ်။