မန်ချက်စတာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ထရိန်နင်ကို ရောက်ရှိခဲ့တဲ့ ဘောက်ဆင်စတား Chris Eubank Jr ရောက်ရှိနေပြီး ဓာတ်ပုံတွေလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
ခရစ်က ယူနိုက်တက် အမာခံပရိသတ် ဖြစ်ပြီး လပ်စ် ဗီးဂတ်စ်ကနေ ယူနိုက်တက် ရှိရာ လော့စ်အင်ဂျလိစ် သို့ လာရောက် အားပေးကာ အသင်းရဲ့ လေ့ကျင့်မှု workouts တွေမှာပါ ပါဝင်ခဲ့ပါတယ်။
ခရစ် က ယူနိုက်တက် ကြယ်ပွင့်တွေ ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်၊ မေဆန်မောင့် တို့နဲ့လည်း ဓာတ်ပုံ တွဲရိုက်ပြီး ဆိုရှယ်မီဒီယာ အကောင့်မှာ တင်ကာ သူလည်း ယူနိုက်တက် အသင်းမှာ ပါဝင်နိုင်မလားလို့ သူ့ followers အား ဟာသလုပ်ကာ မေးမြန်းနေပါတယ်။
ခရစ်က ယူနိုက်တက် ကစားသမားတွေနဲ့ ပတ်သတ်ပြီး ” ကျွန်တော် ဒီကောင်လေးတွေကို သိတယ်လေ။ သူတို့ကို နှစ် အတော်ကြာ follow လုပ်ထား၊ အားပေးနေတာပါ။ သူတို့က တကယ့် လူကောင်းလေးတွေပါ။ တချို့နဲ့လည်း ကျွန်တော် အတော် ရင်းနှီးနေပါတယ်။ သူတို့ အားကစားလိုင်းမှာ သူတို့က ထိပ်တန်းပါပဲ။ ကျွန်တော်တို့ချင်းလည်း ရင်းနှီးကြတယ်။ ” လို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ အာဆင်နယ်နဲ့ ခြေစမ်းပွဲတုန်းကလည်း နာမည်ကြီး အဆိုတော် ဂျက်စတင် ဘီဘာ ကွင်းထဲ လာရောက် အားပေးခဲ့ပြီး ယူနိုက်တက် အသင်းသားတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။