ဖူလ်ဟမ် နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ပွဲအတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးရဲ့ ခန့်မှန်းချက်တွေ ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက် (စနေနေ့) ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
လော်ရိုးက – ” ကွင်းထဲမှာ ဘယ် ပရိသတ်မှ ဝင်ခွင့် ရမှာ မဟုတ်တာကြောင့် ဖူလ်ဟမ်ကတော့ တန်းတက်လာတဲ့ အသင်းတွေ ရတတ်တဲ့ ပရိသတ်ရဲ့ ခွန်အားပေး တွန်းအားပေးမှုကို ရရှိမှာ မဟုတ်ပါဘူး။ ဘောလုံးရာသီ အစ ပွဲဦးထွက် အိမ်ကွင်းမှာ ကစားရပေမယ့် ဖူလ်ဟမ်တို့ အခွင့်ကောင်း လက်လွှတ်ရမှာပါ။
လူတွေကတော့ ဖူလ်ဟမ် အသင်း တန်းတက်လာသည့်တိုင် တစ်ရာသီပါပဲလို့ ထင်ကြမှာ ဖြစ်ပေမယ့် ၎င်းတို့ အသင်း မန်နေဂျာ စကော့ပါကာ ကတော့ ဘယ်လို တက်ကြွအောင် အသင်းသားတွေကို လှုံ့ဆော်ရမလဲ ကောင်းစွာ သိသူပါ။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ သူတို့ ကစားတဲ့ ပွဲ တချို့ ကြည့်ဖြစ်ခဲ့တယ်။ သူတို့က မီထရိုဗစ်ကို အထောင် ထားပေမယ့် ဘောလုံး ကောင်းကောင်း ကစားဖို့လည်း စီမံနိုင်တယ်။ အာဆင်နယ်ကတော့ ဒီပွဲအတွက် အသင့် ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အက်ဖ်အေဖလားလည်း ဗိုလ်စွဲထားတာ မကြာသေးတဲ့ ဂန်းနားတို့က ပေါ့ပေါ့လျော့လျော့ နေမှာ မဟုတ်ပါဘူး။ အဲဒီပွဲ ပြီးတဲ့နောက် ကွန်မြူနတီ ဒိုင်းမှာလည်း ဗိုလ်စွဲထားတာကြောင့် အာဆင်နယ်တို့ ခြေစွမ်း ထက်နေဖို့ မျှော်လင့်ပါတယ်။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် 0-2 အာဆင်နယ် ဖြစ်ပါတယ်။
Zawgyi – ဖူလ္ဟမ္ နဲ႕ အာဆင္နယ္ အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ ပြဲအတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးရဲ႕ ခန္႔မွန္းခ်က္ေတြ ထြက္ရွိေနျပီ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ (စေနေန႔) ညေန ၆ နာရီမွာ ယွဥ္ျပိဳင္ကစားၾကမွာပါ။
ေလာ္ရိုးက – ” ကြင္းထဲမွာ ဘယ္ ပရိသတ္မွ ၀င္ခြင့္ ရမွာ မဟုတ္တာေၾကာင့္ ဖူလ္ဟမ္ကေတာ့ တန္းတက္လာတဲ့ အသင္းေတြ ရတတ္တဲ့ ပရိသတ္ရဲ႕ ခြန္အားေပး တြန္းအားေပးမႈကို ရရွိမွာ မဟုတ္ပါဘူး။ ေဘာလံုးရာသီ အစ ပြဲဦးထြက္ အိမ္ကြင္းမွာ ကစားရေပမယ့္ ဖူလ္ဟမ္တို႔ အခြင့္ေကာင္း လက္လႊတ္ရမွာပါ။
လူေတြကေတာ့ ဖူလ္ဟမ္ အသင္း တန္းတက္လာသည့္တိုင္ တစ္ရာသီပါပဲလို႔ ထင္ၾကမွာ ျဖစ္ေပမယ့္ ၄င္းတို႔ အသင္း မန္ေနဂ်ာ စေကာ့ပါကာ ကေတာ့ ဘယ္လို တက္ၾကြေအာင္ အသင္းသားေတြကို လွံဳ႕ေဆာ္ရမလဲ ေကာင္းစြာ သိသူပါ။
ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံရွစ္မွာ သူတို႔ ကစားတဲ့ ပြဲ တခ်ိဳ႕ ၾကည့္ျဖစ္ခဲ့တယ္။ သူတို႔က မီထရိုဗစ္ကို အေထာင္ ထားေပမယ့္ ေဘာလံုး ေကာင္းေကာငး္ ကစားဖို႔လည္း စီမံနိုင္တယ္။ အာဆင္နယ္ကေတာ့ ဒီပြဲအတြက္ အသင့္ ရွိေနမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ အက္ဖ္ေအဖလားလည္း ဗိုလ္စြဲထားတာ မၾကာေသးတဲ့ ဂန္းနားတို႔က ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ေနမွာ မဟုတ္ပါဘူး။ အဲဒီပြဲ ျပီးတဲ့ေနာက္ ကြန္ျမဴနတီ ဒိုင္းမွာလည္း ဗိုလ္စြဲထားတာေၾကာင့္ အာဆင္နယ္တို႔ ေျခစြမ္း ထက္ေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ဖူလ္ဟမ္ 0-2 အာဆင္နယ္ ျဖစ္ပါတယ္။