မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပရီးမီးယားလိဂ် စည်းမျဉ်း တစ်ခုကို ၂၂ ကြိမ် ချိုးဖောက်ခဲ့တာအတွက် အရေယူ အပြစ်ပေးခြင်း ခံလိုက်ရပါတယ်။
Kick off & Restart – ပွဲစတဲ့အချိန်နဲ့ ပွဲပြန်စတဲ့အချိန်တွေမှာ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တာလို့ သိရပြီး မန်စီးတီးဘက်က ဒီ အရေးယူမှုကို လက်ခံခဲ့ပါတယ်။
မန်စီးတီးအသင်းဘက်က ကစားသမားတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူဖို့ လိုအပ်မှုတွေအတွက်လည်း တောင်းပန်ခဲ့ပါတယ်။
အဆိုပါ ၂၂ ကြိမ်ထဲမှာ ပွဲပြန်စတင်ဖို့ အကြာဆုံးက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီဖိုင်နယ်ပွဲဖြစ်ကာ ကစားဖို့ စတင် ရမယ့်အချိန်ထက် ၂ မိနစ် ၄၆ စက္ကန့် နောက်ကျခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ် ၂၂ ပွဲအတွက်ဆိုရင် မန်စီးတီးဟာ ပွဲစတင်ဖို့ စုစုပေါင် ၃၉ မိနစ် ၅၂ စက္ကန့်ထိ ရှိခဲ့ပါတယ်။
ဒီပြစ်ဒဏ်တွေအတွက် စီးတီးဟာ ဒဏ်ကြေးအားဖြင့် ပေါင် ၂ သန်း ပေးရမယ်လို့ သိရပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ကြိမ် ချိုးဖောက်မှုအတွက် စုံစမ်းခံနေရဆဲဖြစ်ကာ ဒီနှစ်ထဲမှာ ရလဒ်တစ်ခုခု ထွက်ပေါ်လာဖို့ ရှိနေပါတယ်။