၃နှစ် အတွင်း အာဆင်နယ် ချန်ပီယံလိဂ် ရအောင် ယူမယ် ဆိုတဲ့ အာတီတာရဲ့စကားကို ယုံစားကာ ကံဆိုးသွားခဲ့သူ

လက်ရှိ ဖူလ်ဟမ်အသင်းမှာ ကစားနေတဲ့ ဘရာဇီး တိုက်စစ်သမား ဝီလျံက သူ့ရဲ့ ကံဆိုးလှတဲ့ အပြောင်းအရွှေ့အကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ဝီလျံဟာ ၇ နှစ်ကြာကစားခဲ့တဲ့ ချယ်ဆီးကနေ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကူးပြောင်းခဲ့တာပါ။

အဲ့ဒီတုန်းကတော့ နည်းပြအာတီတာရဲ့ ၃ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား အနိုင်ယူမယ့် ပလန်ဟာ သူ့ကို အတော်လေး ဆွဲဆောင်နိုင်ခဲ့တာကြောင့် ချယ်ဆီးဘက်က ကမ်းလှမ်းတဲ့ ၂ နှစ် သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝီလျံ က ‘ အာဆင်နယ်ကို ပြောင်းဖြစ်ခဲ့တာဟာ အာတီတာက ကျနော်ကို ၃ နှစ် အလိုရှိတဲ့ဆိုတဲ့ ပလန်ကို ပြောပြခဲ့လို့ပါပဲ။ ပထမဆုံး ချန်ပီယံလိဂ်ဝင်အောင် ကြိုးစားမယ် နောက်နှစ်တွေမှာ ချန်ပီယံလိဂ် ယူမယ် ဆိုတဲ့ ကျနော် ကြားချင်တာမျိုးကို သူ သွေးဆောင်ခဲ့တယ်။

ကျနော် ချယ်ဆီးမှာ ၇ နှစ်ကစားခဲ့ပြီး ချန်ပီယံလိဂ်က လွဲလို့ ဆုဖလား အားလုံး အောင်မြင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ဖလား ထပ်ရဖို့အပြင် ကျနော် မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မယ် မျှော်လင့်ခဲ့တာပါ ‘ လို့ ဝန်ခံခဲ့တာပါ။

အာဆင်နယ်ကို ဝီလျံ ပြောင်းသွားခဲ့တဲ့ ဘောလုံးရာသီမှာပဲ ချယ်ဆီးအသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်လာခဲ့ကာ လမ်းပတ်နေရာ အစားဝင်လာတဲ့ တူချယ်က လန်ဒန်ကလပ်အတွက် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလား ရယူပေးသွားတာကြောင့် ဝီလျံ တို့ ကံဆိုးကာ ကပ်လွဲခဲ့ရပါတယ်။