ရာသီကြိုမှာ ရုန်းကန်နေရတာခြင်း တူပေမယ့် ပရိသတ် ၇ သောင်းရှေ့မှာ ချယ်ဆီးကို အနိုင်ယူပြခဲ့တဲ့ မန်စီးတီး

ဒီမနက် ပရိသတ် ၇၀၀၀၀ ရှေ့၊ အမေရိကန် မှာကစားတဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ရဲ့ ခြေစမ်းပွဲ ကတော့ မန်စီးတီးက ၄-၂ ဖြင့် အနိုင်ရသွားပါတယ်။ ဒီပွဲမှာ တိုက်စစ်မှုး ဟာလန်းက စီးတီး အတွက် ဟက်ထရစ် သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲတွေမှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့တဲ့ ဟာလန်းဟာ ပြည်တွင်းပြိုင်ဘက်နဲ့ ကစားတဲ့ ဒီပွဲမှာ အတော်လေး သက်သောင့်သက်သာ ရှိနေကာ အဖွင့် ၅ မိနစ်မှာတင် ၂ ဂိုး သွင်းခဲ့တာပါ။ ကိုင်ဆီဒိုရဲ့ လူပေးမှားမှုကို ဟာလန်း အကောင်းဆုံး အခွင့်အရေး ယူပြခဲ့ပါတယ်။

တတိယဂိုးက ရာသီကြိုမှာ ခြေစွာနေတဲ့ ဘော့နဲ့ စတုတ္ထဂိုးကို ဟာလန်းကပဲ နံပါတ် ၉ သမားတစ်ယောက်ရဲ့ အကောင်းဆုံး ပုံစံဖြင့် သွင်းယူခဲ့ပါတယ်။

ချယ်ဆီးအတွက်ကတော့ စိုးရိမ်စရာဖြစ်ခဲ့ပြီး တစ်ဦးချင်း အမှားတွေ အတော်လေးများသလို အခွင့်အရေးတိုင်းကိုလည်း အသုံးချနိုင်စွမ်း မရှိခဲ့ပါဘူး။ စတာလင်၊ မာဒူခီတို့ ခြေပဂိုးတွေ နောက်ကလိုက်သွင်းပေမယ့် ဂိုးသမားဆန်းချက်စ်ရဲ့ လက်စွမ်းက အထင်ကြီးဖို့ ခက်ခဲပါတယ်။

မန်စီးတီးဟာ နောက်အပတ် ကစားရမယ့် ယူနိုက်တက်နဲ့ ဝင်ဘာလေပွဲအတွက် အဆင်သင့် ဖြစ်နေပြီး ဟာလန်း၊ ဂါဗာဒီအော၊ ဖီးလစ်နဲ့ ကိုဗာဆစ်တို့ မိနစ် ၈၀ ကျော် ပွဲကစားချိန်တွေရခဲ့ပါတယ်။

ချယ်ဆီးအသင်းက မန်နေဂျာသစ်နဲ့အတူ ရာသီကြိုကို ရုန်းကန်နေရကာ အသင်းလိုက် ပိုမို တိုးတက်လာရဦးမှာ ဖြစ်သလို တစ်ဦးချင်း အမှားတွေ ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။