အတွေ့အကြုံဆိုတာ စူပါမားကတ်မှာ သွားဝယ်လို့ မရဘူး ဆိုတဲ့ မာရက်စ်ကာအတွက် အန်ဆယ်လော့တီရဲ့ မှတ်ချက်

ချယ်ဆီးအသင်းဟာ ဒီမနက်က ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲ ကစားခဲ့ရာ ဥရောပ ဘုရင်ကြီးကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အတွေ့အကြုံ သိပ်မရှိလှတဲ့ နည်းပြ မာရက်စ်ကာ ကို ခန့်အပ်လိုက်တာ မှားသွားပြီလား ဆိုတဲ့ မေးခွန်းကို ထိုပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက တုန့်ပြန် ဖြေကြားလာခဲ့ပါတယ်။

အန်ဆယ်လော့တီက ” ကျွန်တော် ဒီအလုပ်ကို စ လုပ်တုန်းက ကျွန်တော့်မှာလည်း အတွေ့အကြုံ မရှိဘူး။ အတွေ့အကြုံဆိုတာကလည်းဗျာ ခင်ဗျားတို့ စူပါမားကတ်မှာ အခု ထသွားဝယ်လို့ ရတဲ့ဟာ မဟုတ်ဘူး။ စိတ်ရှည် အချိန်ပေးရတယ်။

ဒီတော့ အတွေ့အကြုံ ဆိုတာကြီးက ဒီအလုပ် အတွက် အရေးကြီးဆုံး ကိစ္စရယ်လို့ မဟုတ်ဘူး၊ အလုပ်မှာ တစိတ်တပိုင်းတော့ အရေးပါတာပေါ့လေ။

အရေးအကြီးဆုံးက knowledge ပဲ။ သူက ပက် ဂွာဒီယိုလာနဲ့ အတူလည်း လက်တွဲခဲ့ဖူးတယ်။ လက်စတာကိုလည်း နည်းပြခဲ့ဖူးတယ်။ သူက ချယ်ဆီးကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ လုံလောက်တဲ့ အသိပညာ ရှိပြီ လို့ ကျွန်တော် မြင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေ ရာသီကြိုမှာတော့ ခြေစမ်းပွဲ အနည်းငယ် ကစားထားပြီး ရလဒ် မကောင်းတဲ့ ပွဲတွေလည်း ကြုံထားရပါတယ်။ လက်ရှိ အချိန်ထိ ခြေစမ်းပွဲ ၅ ပွဲ ကစားထားရာမှာ ၃ ပွဲရှုံးထားပါတယ်။

ဒါပေမယ့် အီတလီသား နည်းပြဟာ လက်ရှိမှာ ချယ်ဆီးရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ကိုင်တွယ်နေရတာ မဟုတ်သေးဘဲ အဓိက ကစားသမားတွေ ပြန်လာဖို့ ရှိနေပါသေးတယ်။