လာမယ့် ရာသီမှာ ပိုကောင်းတဲ့ အန်တိုနီ ကို မြင်ရမယ် လို့ ဘရာဇီးသား ကြွေးကြော်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီက ရာသီသစ်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြသလိုကြောင်းနဲ့ အင်္ဂလန်မှာ အောင်မြင်လိုကြောင်း ရာသီသစ် မစတင်ခင်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီက ယူနိုက်တက်ထံကို များပြားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောက်လာခဲ့တဲ့ နည်းပြ တန်ဟက်ရဲ့ တပည့်ကျော် အန်တိုနီဟာ ၂ ရာသီလုံးမှာ သွင်းဂိုး ၁၀ ဂိုးပြည့်အောင် မစွမ်းဆောင်ထားနိုင်ပါဘူး။

ဒါပေမယ့် လာမယ့် ရာသီမှာတော့ ပိုကောင်းတဲ့ အန်တိုနီကို မြင်စေရမယ်လို့ ဘရာဇီးသား က ဆိုပါတယ်။

အန်တိုနီက ” အတိတ်တွေကို ချန်ထားခဲ့ပါပြီ။ အခုကတော့ ရာသီသစ်အတွက်ပဲ အာရုံစိုက်နေပါတယ်။ ကျနော်က စိတ်ပိုင်းဆိုင်ရာ သန်မာသူပါ။ အတိတ်က အခြေအနေတွေက သင်ယူပြီး အရွယ်ရောက်လာပါပြီ၊ ရင့်ကျက်လာပါပြီ ” လို့ ပြောပါတယ်။

အန်တိုနီဟာ တိုက်စစ်မှာ ပုံမှန်နေရာမရလို နေရာအချို့ကိုလည်း မကြာခဏ ပြောင်းကစားနေရတာကို သဘောမကျကြောင်းလည်း ထုတ်ပြောလာခဲ့တယ်။

” မနှစ်ကရာသီ ဖြစ်ခဲ့တာတော့ အများကြီးပဲ အစွန်လူအဖြစ် ကစားရတာ မလွယ်သလို ခံစစ်မှာ ဆင်းကစားရတာ စိတ်ညစ်မိခဲ့တယ်။ ဒါပေမယ့် နည်းပြအပေါ်ထားတဲ့ မေတ္တာတွေကြောင့် အဆင်ပြေပါတယ် ” လို့ အန်တိုနီက ရှင်းပြခဲ့သေးတာ ဖြစ်ပါတယ်။