ဒီည မန်စီးတီး – မန်ယူ ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင် စူပါကွန်ပျူတာရဲ့ အကြိမ်ရေ တစ်သောင်း တွက်ချက်မှုနဲ့ အဖြေတွေက ..

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီည ဝင်ဘာလေကွင်းကြီးမှာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီည ၈ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

နာမည်ကြီး ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက် Opta Analyst ရဲ့ စူပါကွန်ပျူတာကတော့ ဒီပွဲ အတွက် အကြိမ် ၁ဝဝဝဝ တွက်ချက်ထားပြီး ဖြစ်လာနိုင်တဲ့ အချက်အလက်တွေကို ဖော်ထုတ်လာပါတယ်။

စူပါကွန်ပျူတာရဲ့ အကြိမ် တစ်သောင်း တွက်ချက်မှုမှာ မန်ချက်စတာ စီးတီးက ဒီည ကွန်မြူနတီဒိုင်းပွဲကို ပုံမှန် မိနစ် ၉ဝ ပွဲချိန် အတွင်း ယူနိုက်တက်အား အနိုင်ရသွားမယ် လို့ 61.3% မှာ အဖြေထွက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နိုင်ခြေကတော့ ၁၉.၈% သာ ရှိပါတယ်။

ဒီပွဲဟာ ပင်နယ်တီ အဆုံးအဖြတ်ထိ သွားဖို့ ဖြစ်နိုင်ခြေ 18.9% ရှိတယ်လို့ စူပါကွန်ပျူတာက အဖြေထုတ်ခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ အချိန်ပို ကစားတာ ရှိမှာ မဟုတ်ပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ FA Cup final တုန်းက စူပါကွန်ပျူတာရဲ့ တွက်ထုတ်မှုကို ပြောင်းပြန် လှန်ခဲ့ဖူးပါတယ်။

ထိုစဉ်က ယူနိုက်တက် တို့ ပွဲချိန် မိနစ် ၉ဝ အတွင်း အနိုင်ရ၊ ချန်ပီယံ ဖြစ်နိုငခြေ ၁၄.၄% သာ ရှိခဲ့ပေမယ့် စီးတီးကို ၂-၁ နဲ့ အနိုင်ယူခဲ့တာပါ။