ဒီနွေမှာ ၉ ဦးထိ ခေါ်ထားပေမယ့် ကစားသမား အဝယ် မရပ်သေးတဲ့ ချယ်ဆီးအသင်းရဲ့ ခြေလှမ်း

ချယ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ကပဲ ဝုဗ် တိုက်စစ်မှုး နက်တို ကို ယူရို သန်း ၆ဝ ကနဦး ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူ မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။

ပေါ်တူဂီသား တိုက်စစ်မှုးဟာ ချယ်ဆီးအသင်းရဲ့ ဒီနွေ ၉ဦးမြောက် ခေါ်ယူမှု ဖြစ်လာပြီး ချယ်ဆီးရဲ့ ဒီနွေ ကစားသမား အဝယ် စရိတ်ဟာ ယူရို ၁၈၈.၉ သန်း ထိ ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းဟာ ကစားသမား ဝယ်ယူမှုတွေ ဆက်လက်ပြုလုပ်ဖို့ ရှိနေသေးကြောင်း နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ မတ်လော၊ ရိုမန်နိုတို့ နဲ့ သတင်းဌာနကြီးတွေက ဖော်ပြထားပါတယ်။

ချယ်ဆီးက ဈေးကွက် မပိတ်ခင် ထိပ်တန်း တိုက်စစ်မှုး တစ်ဦးနဲ့ အခြား တိုက်စစ်သမား တစ်ဦးလောက် ခေါ်ယူဖို့ ရှိနေပါသေးတယ်။

ချယ်ဆီးအသင်းရဲ့ ဒီနွေ ခေါ်ယူမှုတွေနဲ့ ပြောင်းရွှေ့ကြေးတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1) Tosin Adarabioyo from Fulham – free

2) Marc Guiu from Barcelona – €6m

3) Caleb Wiley from Atlanta – €10.1m

4) Renato Veiga from Basel – €14m

5) Aaron Anselmino from Boca Juniors – €16.5m

6) Omari Kellyman from Aston Villa – €22.5m

7) Filip Jørgensen from Villarreal – €24.5m

8) Kiernan Dewsbury-Hall from Leicester – €35.4m

9) Pedro Neto from Wolves – €60m

နောက်ထပ် ချယ်ဆီး ခေါ်ယူမှာက ယခင် အငှားခေါ်ဖူးတဲ့ အက်သလက်တီကို တိုက်စစ်သမား ဂျာအို ဖီးလစ်နဲ့ ထိပ်တန်း တိုက်စစ်မှုး တစ်ဦး လို့ သတင်းထွက်နေပါတယ်။