ဝါရင့် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဂရေမီဆောင်းနက်ကတော့ မန်ချက်စတာ ယူနိုက်တက် ဒီနွေမှာ ခေါ်ယူလိုက်တဲ့ ကစားသမား တစ်ဦးက ပရီးမီးယားလိဂ်မှာ အောင်မြင်မှာ မဟုတ်ဘဲ့ ဂျင်းကောင် ဖြစ်ဦးမယ် လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဒီနွေမှာ ယူနိုက်တက်ဟာ ခံစစ်မှူး ယိုရို၊ တိုက်စစ်သမား ဇီရစ်ဇီး၊ ခံစစ်သမား ဒီလစ်နဲ့ အစွန်လူ မာဇာရာဝီတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။
လီဗာပူး ဂန္တဝင် ဖြစ်တဲ့ ဆောင်းနက်က ” ဒီလစ်ကို ကျနော် သံသယရှိပါတယ်။ ဒီလိုပြောရတာ စိတ်တော့ မကောင်းပါဘူး။ ယူရိုတုန်းကလည်း သူက ဒတ်ချ်အသင်းမှာ နေရာမရဘဲ လူစာရင်းထဲ ပါခဲ့ယုံလောက်ပါ။
သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းကို ကြည့်လိုက်ရင် ထိပ်တန်း အသင်းနှစ်သင်းကို ရောက်ခဲ့တယ်။ အဲ့အသင်းတွေက ကစားသမား သိပ်မရောင်းကြဘဲ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထိန်းလေ့ရှိပေမယ့် သူ့ကိုတော့ ရောင်းချခဲ့တယ်။
ဒါကပဲ ဇာတ်လမ်းအားလုံးကို ပြောပြနေပါလိမ့်မယ်။ လူငယ်ဘဝမှာ သူက စတားဖြစ်ခဲ့ပေမယ့် အဲ့နောက်ပိုင်း တိုးတက်လာမှု မရှိပါဘူး။ သူ့ကို လိုချင်တဲ့ ပရီးမီးယားလိဂ်ကလပ် ရှိမယ်လို့လည်း မထင်မိပါဘူး ” လို့ သုံးသပ် ပြောဆို လိုက်တာဖြစ်ပါတယ်။
ဒီလစ်ဟာ ယူနိုက်တက် မခေါ်သင့်တဲ့ ကစားသမားဖြစ်ကြောင်းကို သရဲနီဟောင်းကြီးတွေ ဖြစ်တဲ့ ဖာဒီနန်နဲ့ ပေါစခိုးတို့ကလည်း ဆက်တိုက် ဝေဖန် ပြောဆိုထားကြပါတယ်။