မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ကစားသမားအသစ် ၄ ဦး ခေါ်ယူလိုက်ပြီးနောက် လူစာရင်းမှာ တောင့်တင်းသင့်သလောက် တောင့်တင်းလာတာကို တွေ့ရပါတယ်။
တိုက်စစ် အတွက် တိုက်စစ်မှုးသစ် ဇက်ဇီးကို ရထားသလို ဗာရန်း ထွက်သွားတဲ့ ဗဟိုခံစစ်ကြောမှာ ရေရှည် အတွက် ယိုရို ကို ခေါ်ယူထားပါတယ်။
ဒီရက်ပိုင်းမှာပဲ ဘိုင်ယန်မြူးနစ် အတွဲ ဖြစ်တဲ့ ဗဟိုနောက်ခံလူ ဒီလစ်နဲ့ အစွန်လူ မာဇာရာဝီ တို့ ထပ်မံ ရောက်ရှိလာပါတယ်။ ဒီနှစ်ဦးကလည်း အသင်း ခံစစ်တန်းကို သေချာပေါက် အင်အားတောင့်လာစေမှာပါ။
လူသစ်တွေ ရောက်လာအပြီး ပြန်လည် သုံးသပ်မှုမှာတော့ ကာဆီမီရို နေရာကလွဲလို့ ယူနိုက်တက်ဟာ တစ်နေရာကို ကစားသမား ရွေးချယ်စရာ နှစ်ယောက်နဲ့ အထက် ရှိလာပြီး ထိုက်သင့်သလောက် အင်အား တောင့်တင်းလာတာ တွေ့ရပါတယ်။
လက်ရှိ ကစားသမားတွေနဲ့ ယူနိုက်တက် လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ရာသီသစ် အတွက် ယူနိုက်တက် အဓိက စိုးရိမ်စရာ ကျန်ရှိတာကတော့ no.6 role ဖြစ်ပြီး ကာဆီမီရို တစ်ယောက်တည်းသာ ရွေးချယ်စရာ ဖြစ်နေတာပါ။ ဘရာဇီးသားက အရွယ်ကောင်းကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး ရာနှုန်းပြည့် စိတ်ချ အားထားနိုင်သူ မဟုတ်တာကြောင့် ဈေးကွက် မပိတ်ခင် ယူနိုက်တက် တို့ ထပ်မံ အားဖြည့်ဖို့ မျှော်လင့်ရပါတယ်။