စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးကို မန်စီးတီး နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ တနင်္ဂနွေ ပွဲကြို သုံးသပ်ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၁) ပွဲတွေ စတင် ကစားတော့မှာ ဖြစ်ပြီး ပွဲကြီးပွဲကောင်းကတော့ ချယ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပွဲ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ချယ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ်ကွင်းမှာ လာမယ့် သြဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲက ပွဲကောင်းပါပဲ။ ချယ်ဆီးအတွက်တော့ အချိန်ကောင်းဖြစ်ပြီး မန်စီးတီးဘက်ကတော့ ကစားသမားတွေ အကောင်းဆုံးပုံစံတွေ မရသေးချိန် ချယ်ဆီးလို ပြိုင်ဘက်ကို တွေ့လိုမှာ မဟုတ်ပါဘူး။

ချယ်ဆီးက အကောင်းဆုံး ရာသီကြို မရှိထားပါဘူး။ သူတို့ အမြန်ဆုံး အခြေကျဖို့ လိုနေပါတယ်။ မနှစ်က ပွဲ ၂၀ နောက်ပိုင်းမှာတောင် ပိုချက်တီနိုက အကောင်းဆုံး အသင်းကို ရှာမတွေ့ခဲ့ပါဘူး။ ချယ်ဆီးမှာ ပြဿနာတွေ အများကြီးပါ။ အကောင်းဆုံး ၁၁ ဦးကို ရှာနိုင်ဖို့ လိုအပ်သလို ပါလ်မာနဲ့ ရိစ်ဂျိမ်းတို့ ကြံ့ခိုင်နေအောင် လုပ်ပေးရမှာပါ။

မန်စီးတီးက အဲဗာရက်စ်ကို ရောင်းချထားပြီး လူစာရင်း အားပျော့သွားပါတယ်။ ဂရီလစ်က ဂွာဒီယိုလာအတွက် ပွဲကြီးတွေ ကစားပေးထားပြီး အရေးပါတဲ့ ကစားသမားပါ။ ဒီရာသီ သူပွဲတွေ ကစားရဖို့ လိုအပ်ပါတယ်။ တစ်ရာသီ ဂိုး ၃၀ လောက် သွင်းပေးမယ့် ဟာလန်းလည်း ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။

မနှစ်ကတော့ ဒီနှစ်သင်းပွဲတွေက သိပ်ကောင်းခဲ့တယ်။ ချယ်ဆီးက စီးတီးကို သရေကစားနိုင်ခဲ့ပါတယ်။ ” လို့ မာဆန် က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၁-၁ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။