ဒီတပတ် Weekend မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်ကြပြီ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းက ဝုဗ် အသင်းနဲ့ စတင် တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။
အာဆင်နယ်နဲ့ ဝုဗ်တို့ ပွဲကတော့ လာမယ့် သြဂုတ်လ ၁၇ ရက်၊ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။
” ဝုဗ်တို့ နက်တိုကို ရောင်းလိုက်တာ ဆိုးရွားတာပဲ .. သူ့ကို သတိရနေတော့မှာပါ။ ဝုဗ်အတွက်တော့ နက်တိုက ပွဲတွေကို နိုင်စေတဲ့ ကစားသမားပါ။ သူ့ကို ဆက်ထိန်းထားနိုင်ရင် ဝုဗ်တို့ အဆင့် ၁၀ ထဲ ဝင်မှာပါ။
အာတီတာအတွက် တိုက်စစ်မှာ ဂျေးဆုနဲ့ ဟာဗက်ဇ်တို့ထဲက ရွေးချယ်ရပါမယ်။ သူတို့ နှစ်ဦးက ဟာလန်းနဲ့အပြိုင် ဂိုးသွင်းနိုင်မယ့်သူတွေ မဟုတ်တာတော့ စိုးရိမ်စရာပါပဲ။ ဂါဘရီရယ်၊ ရိုက်စ်၊ ဆာကာနဲ့ အိုဒီဂတ်တို့က မနှစ်တုန်းက ပွဲတွေ အများကြီး ကစားခဲ့ရပါတယ်။
အာဆင်နယ်က ကစားသမားတွေ ကြံ့ခိုင်နေဖို့ လိုပါတယ်။ သူတို့အတွက် ကယ်လာဖီအိုရီက ခေါ်ယူမှုကောင်းဖြစ်မှာပါ။ ဆာလီဘာ ဒဏ်ရာရနေချိန် အာဆင်နယ်က ရုန်းကန်ခဲ့ရသလို ခံစစ်မှူးသစ် ရလိုက်တာက ကောင်းပါတယ်။ သူတို့ တိုက်စစ်သမားလည်း လိုအပ်ပါသေးတယ်။
ဝုဗ်က တန်းမဆင်းခဲ့ပေမယ့် မနှစ်ကလောက်ကို ပြန်ရောက်လာတော့မှာ မဟုတ်ပါဘူး။ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်ပြီး ဒီပွဲကို အေးဆေးအနိုင်ရသင့်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၃-ဝ ဝုဗ် ဖြစ်ပါတယ်။