၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ရာသီအဖွင့် သီတင်းပတ် ပွဲစဉ်တွေအတွက် ဘောလုံးပွဲ သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက ပွဲကြို သုံးသပ်မှုတွေ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။
အဲဒီထဲကမှ အာဆင်နယ် – ဝုဗ် ပွဲနဲ့ ချယ်ဆီး – မန်စီးတီး ပွဲ တို့ အတွက် အလန် ရှီးယားရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးပါမယ်။
အာဆင်နယ် vs ဝုဗ်
ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံဖို့ရာ အာဆင်နယ်က အတော်လေး တောင့်တင်းလွန်းတယ်။ ဒီရာသီက အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား ရသွားနိုင်တဲ့ ဘောလုံးရာသီပါ။ သူတို့ အိမ်ကွင်းမှာ သက်တောင့်သက်သာ အနိုင်ရသွားပါလိမ့်မယ်။
အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၀ ဝုဗ်
ချယ်ဆီး vs မန်ချက်စတာ စီးတီး
ချယ်ဆီးက ရာသီကြိုပြင်ဆင်မှု မကောင်းပေမယ့် ဒါကို ထည့်တွက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မန်နေဂျာသစ်၊ ကစားသမား သစ်တွေနဲ့ သူတို့တွေ အထိုင်မကျချိန် မန်စီးတီးလို အတွေ့အကြုံများတဲ့ အသင်းကို ရင်ဆိုင်ကစားရချိန်မှာ ပြိုင်ဘက်က အားကောင်းလွန်းနေပါတယ်။ စီးတီးပဲ နိုင်သွားမှာပါ။
အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၂ မန်စီးတီး