ဒီတပတ် ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်အတွက် ဘီဘီစီ ဘောလုံးသုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေ ထွက်ပေါ်လာပြီ ဖြစ်ရာ ချယ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ် အတွက် သုံးသပ်ချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
” မန်စီးတီးစတားအချို့ ဒီပွဲမှာ ပါဝင်လာနိုင်ဦးမှာ မဟုတ်ပါဘူး။ သူတို့က ဒီအပတ်မှာ လေ့ကျင့်ရေး ပြန်ဝင်နိုင်တာပါ။ ဒါပေမယ့် ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံးမိနစ်တွေမှာ ဒီဘရိုင်းနဲ့ ဘာနာဒိုတို့ ပါဝင်ကစားခဲ့ပါတယ်။
ချယ်ဆီးထံက ဘာမျှော်လင့်ရမလဲ ကျနော် မသိပါဘူး။ သူတို့အသင်း ဘာဖြစ်ချင်နေတာလဲဆိုတာတောင် ကျနော် မသိပါဘူး။
သူတို့ရဲ့ ဦးစားပေးက ဆုဖလား အနိုင်ရနိုင်မယ့် အသင်းတစ်သင်းကို တည်ဆောက်ဖို့လား ဒါမှမဟုတ် အခြားသော စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့လား?
ချယ်ဆီးမှာ အရည်အချင်းရှိ ကြယ်ပွင့်တွေ ရှိနေသလို ကိုးပါလ်မာက အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် မန်စီးတီးပဲ နိုင်ပွဲ ရှာတွေ့သွားမယ် ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ် ချယ်ဆီး ၁-၂ မန်စီးတီး ဖြစ်ပါတယ်။
ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာ စတန်းဖို့ဘရစ်ချ် ကွင်းမှာ၊ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။