သရဲနီဟောင်းကြီး ရွိုင်ကိန်းဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို မညှာတမ်း ထောက်ပြ ဝေဖန်လေ့ ရှိသူပါ။
မနေ့ညက ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို ဧည့်ခံ ကစားရာ ၁-ဝ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက် ခံစစ်က အတော် ကျစ်လစ် အားကောင်းခဲ့ပြီး အဖိုးတန် အနိုင်ဂိုးကိုတော့ ဒီနွေမှ ယူနိုက်တက် ခေါ်ထားတဲ့ တိုက်စစ်မှုးသစ် ဇက်ဇီး က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကို ဝေဖန်နေကြ ရွိုင်ကိန်းကတော့ ဒီပွဲ အပြီးမှာ သိပ်ပြောဆိုဝေဖန်မှုတွေ မလုပ်ဘဲ နှုတ်ဆိတ်နေတဲ့ အပေါ် နည်းပြ တန်ဟက်က နောက်ပြောင် ကျီစယ်သွားပါတယ်။
တန်ဟက် က ရွိုင်ကိန်း အား ” ခင်ဗျား တိတ်နေပါ့လား .. (နိုင်ပွဲ အပြီး အသင်းသားတွေနဲ့ အားလုံး) ပျော်ရွှင်နေတဲ့ vibes ကို မဖျက်ဆီးချင်သေးလို့များလား ?” လို့ စနောက် မေးမြန်းခဲ့တာပါ။
ရွိုင်ကိန်းကလည်း ခပ်ပြုံးပြုံးနဲ့ပဲ ” နောက်တစ်ပတ်လောက်မှ ပြောတာပေါ့ဗျာ။ !” လို့ တုန့်ပြန်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီသစ်ကို အနိုင် ၃ မှတ်ပြည့်နဲ့ စတင်လိုက်တာ ဖြစ်တာကြောင့် တာထွက်ကောင်းသွားခဲ့ပါတယ်။