သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ပွဲတွေ အပြီးမှာပဲ သူ့ရဲ့ ဒီရာသီ Top 4 ခန့်မှန်းမှု ကို ပြောင်းလဲ လိုက်ပြီ ဖြစ်ပါတယ်။
ညကပွဲမှာ စပါးက လက်စတာကို ၁-၁ နဲ့ သရေကျသွားခဲ့ပြီး နဗီး က စပါးအသင်း ကို အဆင့် ၄ နေရာ ထားဖို့ အားရမှု မရှိတော့ဘဲ ချယ်ဆီး လို့ ပြောင်းလဲ ခန့်မှန်းလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး နဗီး က ” ကျွန်တော်က တော့တင်ဟမ် အကြောင်း သိပ် မသေချာခဲ့ဘူး။ သူတို့ကို အဆင့် ၄ တော့ ရစေချင်ခဲ့တာ။
ဒါပေမယ့် ဒီည (လက်စတာနဲ့ စပါး) ပွဲကို မြင်အပြီးမှာတော့ သူတို့ အသင်းရဲ့ ကစားသမား အင်အားက ပြဿနာ ဖြစ်လာမယ် လို့ မြင်တယ်။ စပါးထက် ချယ်ဆီးက ပို ကောင်းတဲ့ လူစာရင်း ရှိတယ်။ ” လို့ စပါးပွဲ အပြီးမှာ သုံးသပ်ခဲ့ပါတယ်။
ဒီရာသီ Top 4 ခန့်မှန်းမှုမှာ နဗီးက အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ ယခု ချယ်ဆီးလို့ ခန့်မှန်းထားတာ ဖြစ်ပြီး လီဗာပူးကိုလည်း ဖယ်ထုတ်ထားပါတယ်။
လီဗာပူးကို ဖယ်ထားတာနဲ့ ပတ်သတ်ပြီး နဗီးက ” ယာဂင်ကလော့ပ် ထွက်သွားတာက အသင်းကို ပြိုဆင်းသွားစေမှာပါ။ ဒါက မန်နေဂျာကောင်း တစ်ယောက် အသင်းကနေ ထွက်ခွာသွားရင် ကြုံရတာပဲ။ ဒီရာသီ တကွေ့ကွေ့မှာ လီဗာပူး ဒါကို ခံစားရပါလိမ့်မယ်။ ” လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။