၂ဝ၂၄-၂၅ ဘောလုံးရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ရည်မှန်းချက် ၂ခုကို တန်ဟက် အသိပေးကြေညာ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ ၂ဝ၂၄-၂၅ ဘောလုံးရာသီ အတွက် အသင်းရဲ့ အဓိက ရည်မှန်းချက် ၂ခုကို အသိပေး ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တန်ဟက်က ပထမ ရည်မှန်းချက် အဖြစ် ” ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်မှာ ဆုဖလားတွေ အောင်နိုင်ဖို့ ရောက်လာတာပါ။ ဆုဖလားတွေ ယူချင်လို့ ရောက်လာတာ ဖြစ်တဲ့ အတွက် ဒီရာသီ ရည်မှန်းချက်က ထူးပြီး ပြောင်းလဲ စရာ မရှိပါဘူး။ ” လို့ အရင် ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယ ရည်မှန်းချက် အဖြစ် ” အဲဒါပြီးရင် ကျွန်တော်တို့က ဒဏ်ရာတွေ မှန်သမျှနဲ့ ဝေးဝေးနေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါမှပဲ အသင်းက သက်တောင့်သက်သာ ရှိမှာပါ။

ကျွန်တော်တို့ မြင့်မြင့်မှန်းထားတဲ့ ကိစ္စတွေ အကောင်အထည် ဖော်ဖို့ လွယ်ကူမှာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဖူလ်ဟမ်ကို ၁-ဝ နဲ့ အနိုင်ရပြီး ၃ မှတ်ပြည့် ယူထားခဲ့ပြီ ဖြစ်ပါတယ်။

INEOS ကြိုးကိုင်မှုနဲ့ အတူ ဒီရာသီ အတွက် ကစားသမား ခေါ်ယူမှုကောင်းတွေလည်း ပြုလုပ်ထားတာကြောင့် ဒဏ်ရာ ပြသနာတွေ ကင်းစင်နေရင် ယူနိုက်တက်ဟာ အနေအထားကောင်း တစ်ခုကို ရောက်နိုင်ဖွယ် ရှိနေပါတယ်။