မန်စီးတီး ချန်ပီယံ ဆိုတဲ့ လာမယ့်ရာသီအပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား စူပါကွန်ပျူတာ တွက်ချက်မှု

ထွက်ရှိနေကြ ဖြစ်တဲ့ Fivethirtyeight ဝဘ်ဆိုဒ်ကနေ စူပါကွန်ပျူတာရဲ့ လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီ အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုကို စူပါကွန်ပျူတာက ခန့်မှန်းတွက်ချက်ထားတာ ထွက်ရှိနေပြီ ဖြစ်ရာ ချန်ပီယံကတော့ မန်စီးတီးလို့ ဆိုထားပါတယ်။

မန်စီးတီးဟာ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ လီဗာပူးနဲ့ ထိပ်တိုက်ယှဉ်ပြိုင် ဗိုလ်လုမယ့် အသင်း အဖြစ် ရေပန်းစားထားပြီး ဖြစ်ရာ လီဗာပူးကတော့ ချန်ပီယံဘွဲ့ကို နှစ်ရာသီဆက် ရယူနိုင်မှာ မဟုတ်ဘူးလို့ စူပါကွန်ပျူတာက ဆိုထားပါတယ်။ မန်စီးတီးဟာ ဖာရန်တောရက်စ်နဲ့ အကီ တို့ကို လောလောဆယ်ထိ ခေါ်ယူထားပြီး ရာသီသစ် အတွက် အင်အားဖြည့်နေပါတယ်။

ဒီရာသီမှာ ကလပ်အသင်း ကိုယ်စီက အကြပ်အတည်းတွေ ကြားထဲ ကစားသမား ခေါ်ယူမှုတွေ အင်အားဖြည့်မှုတွေ ရှိနေကြတာပါ။ စူပါ ကွန်ပျူတာကတော့ သူတို့ရဲ့ ဒေတာ စိစစ်မှုတွေ၊ နေရာအလိုက် အသင်းတွေရဲ့ အားသာချက် အားနည်းချက်တွေကို အခြေခံယူပြီး ဘယ်နှမှတ် ရနိုင်မလဲ တွက်ချက်တာ ဖြစ်ပါတယ်။ ဒါက ယခင်ရာသီ က စွမ်းဆောင်ရည်တွေနဲ့ လက်ရှိ ဈေးကွက်က အချက်အလက်တွေလည်း ပါဝငနေပါတယ်။

စူပါကွန်ပျူတာ အဆို အရတော့ မန်စီးတီးဟာ ၈၈ မှတ်နဲ့ ဗိုလ်စွဲမှာ ဖြစ်ပြီး လီဗာပူးကတော့ ၇ မှတ်ပြတ်ကျန်နေခဲ့ကာ ၈၁ မှတ်နဲ့ ဒုတိယနေရာမှာ ရှိပါမယ်။ ဒါဟာ ချန်ပီယံ ဖြစ်ထားတဲ့ ရမှတ်ကနေ လီဗာပူးတို့ ၁၈ မှတ်ထိ လျော့သွားမယ် ဆိုတာ ဖြစ်ပါတယ်။

ထိပ်သီးလေးသင်း အတွင်းမှာတော့ ယခင်ရာသီနဲ့ ထပ်တူပဲ ယူနိုက်တက်က အဆင့် ၃၊ ချယ်ဆီးက အဆင့် ၄ ဖြစ်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ကို စပါးနဲ့ လက်စတာတို့ အသီးသီး ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကိုတော့ အဆင့် ၇ အဖြစ်သာ ခန့်မှန်းထားပါတယ်။ တန်းဆင်းမယ့် သုံးသင်းကတော့ ဘောလုံးသုံးသပ်သူ အများအပြား မျှော်လင့်ချက်တွေ ရှိထားတဲ့ တန်းတက် သုံးသင်းလုံးကိုသာ တန်းပြန် ဆင်းမယ်လို့ ကွန်ပျူတာက ဆိုထားပါတယ်။

စူပါကွန်ပျူတာရဲ့ အမှတ်ပေးဇယား ခန့်မှန်းရပ်တည်မှု အပြည့်အစုံက အောက်ပါ ပုံအတိုင်း ဖြစ်ပါတယ်။

Zawgyi – ထြက္ရွိေနၾက ျဖစ္တဲ့ Fivethirtyeight ၀ဘ္ဆိုဒ္ကေန စူပါကြန္ပ်ဴတာရဲ႕ လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီ အျပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ရပ္တည္မႈကို စူပါကြန္ပ်ဴတာက ခန္႔မွန္းတြက္ခ်က္ထားတာ ထြက္ရွိေနျပီ ျဖစ္ရာ ခ်န္ပီယံကေတာ့ မန္စီးတီးလို႔ ဆိုထားပါတယ္။

မန္စီးတီးဟာ လက္ရွိ ခ်န္ပီယံ ျဖစ္တဲ့ လီဗာပူးနဲ႕ ထိပ္တိုက္ယွဥ္ျပိဳင္ ဗိုလ္လုမယ့္ အသင္း အျဖစ္ ေရပန္းစားထားျပီး ျဖစ္ရာ လီဗာပူးကေတာ့ ခ်န္ပီယံဘြဲ႕ကို နွစ္ရာသီဆက္ ရယူနိုင္မွာ မဟုတ္ဘူးလို႔ စူပါကြန္ပ်ဴတာက ဆိုထားပါတယ္။ မန္စီးတီးဟာ ဖာရန္ေတာရက္စ္နဲ႕ အကီ တို႔ကို ေလာေလာဆယ္ထိ ေခၚယူထားျပီး ရာသီသစ္ အတြက္ အင္အားျဖည့္ေနပါတယ္။

ဒီရာသီမွာ ကလပ္အသင္း ကိုယ္စီက အၾကပ္အတည္းေတြ ၾကားထဲ ကစားသမား ေခၚယူမႈေတြ အင္အားျဖည့္မႈေတြ ရွိေနၾကတာပါ။ စူပါ ကြန္ပ်ဴတာကေတာ့ သူတို႔ရဲ႕ ေဒတာ စိစစ္မႈေတြ၊ ေနရာအလိုက္ အသင္းေတြရဲ႕ အားသာခ်က္ အားနည္းခ်က္ေတြကို အေျခခံယူျပီး ဘယ္နွမွတ္ ရနိုင္မလဲ တြက္ခ်က္တာ ျဖစ္ပါတယ္။ ဒါက ယခင္ရာသီ က စြမ္းေဆာင္ရည္ေတြနဲ႕ လက္ရွိ ေစ်းကြက္က အခ်က္အလက္ေတြလည္း ပါ၀ငေနပါတယ္။

စူပါကြန္ပ်ဴတာ အဆို အရေတာ့ မန္စီးတီးဟာ ၈၈ မွတ္နဲ႕ ဗိုလ္စြဲမွာ ျဖစ္ျပီး လီဗာပူးကေတာ့ ၇ မွတ္ျပတ္က်န္ေနခဲ့ကာ ၈၁ မွတ္နဲ႕ ဒုတိယေနရာမွာ ရွိပါမယ္။ ဒါဟာ ခ်န္ပီယံ ျဖစ္ထားတဲ့ ရမွတ္ကေန လီဗာပူးတို႔ ၁၈ မွတ္ထိ ေလ်ာ့သြားမယ္ ဆိုတာ ျဖစ္ပါတယ္။

ထိပ္သီးေလးသင္း အတြင္းမွာေတာ့ ယခင္ရာသီနဲ႕ ထပ္တူပဲ ယူနုိက္တက္က အဆင့္ ၃၊ ခ်ယ္ဆီးက အဆင့္ ၄ ျဖစ္ကာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ကုိ စပါးနဲ႕ လက္စတာတို႔ အသီးသီး ဆက္လက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းကိုေတာ့ အဆင့္ ၇ အျဖစ္သာ ခန္႔မွန္းထားပါတယ္။ တန္းဆင္းမယ့္ သံုးသင္းကေတာ့ ေဘာလံုးသံုးသပ္သူ အမ်ားအျပား ေမွ်ာ္လင့္ခ်က္ေတြ ရွိထားတဲ့ တန္းတက္ သံုးသင္းလံုးကိုသာ တန္းျပန္ ဆင္းမယ္လို႔ ကြန္ပ်ဴတာက ဆိုထားပါတယ္။