အက်စတွန်ဗီလာ ကို အာဆင်နယ်က အဝေးကွင်းမှာ နိုင်မလား ပွဲကြို ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၁ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဗီလာနဲ့ အာဆင်နယ် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ မနှစ်ကရာသီ အက်စတွန်ဗီလာနဲ့ ၂ ကြိမ်စလုံးမှာ အာဆင်နယ်တို့ ရလဒ်ထိခိုက်ခဲ့ပြီး ဒါကပဲ ဖလားစိန်ခေါ်မှုကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။ ဒီအပတ်ပွဲကို အာဆင်နယ်ရှုံးပြီး မန်စီးတီး နိုင်သွားရင် ဂန်းနားတွေ နောက်ထပ် အထိနာမှုဖြစ်လာဦးမှာပါ။

အာတီတာရဲ့ အသင်းဟာ စက်တင်ဘာမှာ စပါးနဲ့ရော မန်စီးတီးနဲ့ပါ ထိပ်တိုက် တွေ့ဦးမှာမို့ လွယ်ကူတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်ရမှာ မဟုတ်ပါဘူး။

အခြေအနေတွေက ကိုယ့်ဘက်မှာ မရှိဘူးဆိုရင် အောက်တိုဘာမှာတင် အာဆင်နယ်တို့ ဖလားပြိုင်ဆိုင်မှုကနေ ထွက်ရနိုင်ပါတယ်။

အက်စတွန်ဗီလာကစလို့ လာမယ့် ၄ ပွဲဟာ အာဆင်နယ်အတွက် အရမ်းကို အရေးကြီးပါတယ်။ အဲ့ထဲက ၂ ပွဲကို ရှုံးနိမ့်မယ်ဆိုရင် အာဆင်နယ်ရဲ့ ဖလား စိန်ခေါ်မှုက ပြီးသွားပါပြီ။

ဒီပွဲမှာတော့ အာဆင်နယ်နိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာတို့ ဂိုးတော့ ရသွားမှာ ဖြစ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။