မနေ့က ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန်ကို ၂-၁ ဖြင့် အရေးနိမ့်နောက် နည်းပြတန်ဟက် က ထိုပွဲမှာ ယူနိုက်တက် ကစားသမား ၃ ဦးဟာ အမှားတွေ ပြုလုပ်ခဲ့ကြောင်း ထောက်ပြလာပါတယ်။
ဝဲလ်ဘတ်ရဲ့ ဘရိုက်တန် အတွက် အဖွင့်ဂိုးကို ယူနိုက်တက်ဘက်က အာမတ် ပြန်ချေပခဲ့သလို အခြားသော သွင်းဂိုး ၂ ဂိုးကလည်း လူကျွံဘောဖြစ်ခဲ့သေးတာပါ။ ပွဲနောက်ဆုံးမိနစ်နားမှာတော့ ဘရိုက်တန် တိုက်စစ်သမား ပက်ဒရိုက အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ခံစစ်က ဘယ်ခြမ်းမှာ လူကပ်ဖို့ အားနည်းခဲ့တာဆိုပေမယ့် တန်ဟက်ကတော့ ဖြတ်တင်ဘော ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ကို အမှားကြီးအဖြစ် အပြစ်တင်ခဲ့ပါတယ်။
“ ဖြတ်တင်ဘောကို ကျနော်တို့ မတားလိုက်နိုင်ဘူး။ အဲ့မှာ ကစားသမား ၃ ယောက်လောက် ရှိနေခဲ့တာပါ၊ အဒင်ဂရာက ညာခြေအားသန် ကစားသမားတစ်ယောက်။ သူ့ကို ထောင့်ဘက်ကို ပို့ရမှာ၊ တောင်ပံကိုပို့ရမယ့်အစား သူ့ကို အတွင်းထဲ ဝင်ကစားခွင့်ပေးခဲ့တယ်၊ ဖြတ်တင်ဘော လုပ်ခွင့်ရသွားစေတယ်။
ဒီ အနေအထားကြောင့် ကျနော်တို့ စကားပြောရမယ်၊ အသင်းအနေနဲ့ ဘယ်လို တုန့်ပြန်ခဲ့လဲကို ကျနော်တို့ စကားပြောရမယ်။ အမှားတစ်ခုဆိုတာထက်ပိုပြီး ဂိုးပေးရဖို့ ကြီးစားတဲ့ သက်ရောက်မှု ဖြစ်ခဲ့တာပါ။
အချိန်ပိုမှာ ဂိုးပေးရတာက စိတ်ပျက်စရာပဲ။ ကွန်မြူနတီဒိုင်းပွဲတုန်းကလည်း အချိန်ပို မရောက်ခင် ဂိုးပေးခဲ့ရတာ။ ဒီလို အချိန်တွေမှာ ကျနော်တို့ ပိုအာရုံစိုက်ရမှာပါ။ ပွဲက နိုင်နိုင်လား မနိုင်နိုင်ဘူးလား ဖတ်နိုင်ရမှာပါ။
ကျနော်တို့ ဘရိုက်တန်ကို နိုင်ဖို့ နီးစပ်ခဲ့ပါတယ် ဒါပေမယ့် သေချာပေါက် မရှုံးသင့်ပါဘူး ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။