အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မနိုင်ခဲ့တဲ့ အက်စတွန်ဗီလာ အသင်းဟာ ဒီရာသီ ပွဲစဉ် ၂ မှာတင် အဝေးကွင်း ဗီလာပါ့ခ်မှာ ၂-ဝ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။
ဂန်းနားတို့အတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ ထရော့ဆက်က ပွဲချိန် ၆၇ မိနစ်မှာ အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ၁ဝ မိနစ် အကြာမှာ သောမတ်စ် ပါတေးက နောက်တစ်ဂိုး ထပ်သွင်းပေးခဲ့တာပါ။
နိုင်ပွဲကောင်းက ကျေနပ်စရာ ဖြစ်ပေမယ့် ဒီပွဲကနေ အာဆင်နယ်ရဲ့ အားနည်းချက် နေရာ နှစ်ခုက မြင်သာသွားစေခဲ့တယ် လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
အာဆင်နယ်ဟာ ပထမပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီး အထူးသဖြင့် တိုက်စစ်သမားတွေရဲ့ ရွှေ့ကွက်တွေက အလုပ် မဖြစ်ခဲ့ပါဘူး။
ဂါဘရီရယ် မာတင်နယ်လီ အတွက်တော့ အသင်းနိုင်သွားသည့်တိုင် မေ့ပစ်ချင်လောက်တဲ့ ခြေစွမ်းမျိုးပဲ ပြသခဲ့တာပါ။ မာတင်နယ်လီက အခွင့်အရေး တချို့တလေ ဖန်တီးခဲ့ပေမယ့် တကယ့် အပိုင် အခွင့်အရေးမျိုး မလုပ်နိုင်သလို ထရော့ဆက် လိုလည်း အသင်းအပေါ် သက်ရောက်မှု မလုပ်နိုင်ခဲ့ပါဘူး။
တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကလည်း အတော် ခြေစွမ်းညံ့နေခဲ့ပြီး ဂိုးပေါက် တည့်တဲ့ တကြိမ်တောင် မရှိခဲ့ပါဘူး။ အခွင့်အရေးလည်း မဖန်တီးနိုင်သလို ဘောလုံးယှဉ်လုမှု ၁၄ ကြိမ် ကျရှုံးခဲ့ပါသေးတယ်။
မာတင်နယ်လီနဲ့ ဟာဗက်ဇ် တို့ဟာ အာဆင်နယ်ရဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်ပြီး အသင်း လူစာရင်းမှာ ဆက်ထည့်ဖို့ ဆိုရင် အခုထက် ခြေစွမ်း တက်လာဖို့ လိုကြောင်း ဂန်းနား ပရိသတ်တွေက ထောက်ပြနေကြပါတယ်။