ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရဲ့ အဖွဲ့အစည်း ဖြစ်တဲ့ PFA ကတော့ ကစားသမားတွေ အပေါ် ထင်သလို ပြုမူ ဆက်ဆံနေတဲ့ ချယ်ဆီးလို အသင်းတွေရဲ့ လုပ်ရပ် အပေါ် စည်းကမ်းနဲ့ ကိုင်တွယ်ဖို့ ပရီးမီးယားလိဂ်နဲ့ ဖီဖာ အား ချဉ်းကပ် နားချနေပါတယ်။
ချယ်ဆီးအသင်းဟာ ဈေးကွက်တွေ ဆက်တိုက် ကစားသမား များစွာ ခေါ်ယူခဲ့ပြီးနောက် စီနီယာ အသင်းမှာ လူ ၄ဝ ကျော် များပြားလာပါတယ်။
နည်းပြ မာရက်စ်ကာ က သူ သုံးမယ့် ကစားသမား ၂ဝ ကျော်ကိုပဲ ထရိန်နင်မှာ အတူ လေ့ကျင့်ကာ သူ့ပလန်တွေမှာ မပါတဲ့ စီနီယာ အသင်းသား ၁၃ ယောက်ကို ဖယ်ထုတ်ပြီး သီးသန့်လေ့ကျင့်နေစေပါတယ်။
အဆိုပါ အပယ်ခံ ကစားသမားတွေကို သူ မလိုချင်ကြောင်း၊ ရောင်းချရှင်းထုတ်မယ့် အကြောင်းကိုလည်း နည်းပြ မာရက်စ်ကာ က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားတာပါ။
ဒီလို ကစားသမားတွေ အပေါ် ပြုမူနေတာတွေက လက်ခံနိုင်စရာ မရှိဘူးလို့ PFA က ရှုမြင်ထားပါတယ်။
အင်္ဂလန်သတင်းတွေ အဆိုအရ PFA ဟာ ချယ်ဆီး အပယ်ခံ ကစားသမားတွေနဲ့ အဆက်အသွယ် ရှိနေပြီး သူတို့ အေးဂျင့်တွေနဲ့ အတူ ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
ဘောလုံးလောကမှာ အခုလို ထင်သလို ပြုမူနေတာတွေ က ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဘက်က လက်ခံနိုင်စရာ မရှိဘူးလို့ စည်းမျဉ်းနဲ့ ထိန်းကွပ်ဖို့ နည်းလမ်း ရှာဖွေစေလိုနေပါတယ်။
ပရီးမီးယားလိဂ်ကတော့ ဒီကိစ္စဟာ သူတို့ လုပ်ပိုင်ခွင့်ထက် ဖီဖာနဲ့ ပို သက်ဆိုင်နိုင်မယ် လို့ ယူဆထားပြီး ကလပ်အသင်း အားလုံးကို ဖီဖာကပဲ ဆက်သွယ် မေးမြန်းနိုင်တယ်လို့ ခံယူထားပါတယ်။
ချယ်ဆီးအသင်း ဖယ်ထုတ်ထားတဲ့ စီနီယာ အသင်းသားတွေထဲမှာ စတာလင်၊ ချေးဝဲလ်၊ ချာလိုဘတ်၊ ဘရိုဂျာ၊ လူကာကူ၊ ကီပါ၊ ဖိုဖာနာ စတဲ့ နာမည်ရှိ ကစားသမားတွေ ပါဝင်ပါတယ်။