အပြောင်းအရွှေ့ ဈေးကွက် ပိတ်ခါနီးမှာ အာဆင်နယ်အသင်းက တိုက်စစ်မှုးသစ် ခေါ်ယူချင်နေပြီး လီဗာပူးမှ ဒါဝင် နူးညက်စ်ကို စိတ်ဝင်စားကြောင်း သတင်းထွက်လာနေပါတယ်။
နည်းပြ အာတီတာနဲ့ အာဆင်နယ်က လီဗာပူး တိုက်စစ်သမားကို သောကြာနေ့ ဈေးကွက် နောက်ဆုံးရက်မှာ ချိတ်ဆက် လိုနေပါတယ်။
အာဆင်နယ်ဘက်က ဒါဝင်နူးညက်ဇ်အား ဆုဖလားတွေ အောင်မြင်ရေး လန်ဒန်ကို ပြောင်းလာဖို့ စည်းရုံးမှာဖြစ် ပါတယ်။
တိုက်စစ် သမား များပြားနေတဲ့ လီဗာပူးကလည်း ဒါဝင် နူးညက်စ်ကို ရောင်းချလို စိတ် ရှိမယ်လို့ အာဆင်နယ်ဘက်က တွက်ဆ ထားကြောင်း ကောလဟာလတွေ ထွက်ပေါ်နေခဲ့တယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သတင်းထောက် François Plateau ကတော့ အခုလို မှတ်ချက်ပေးခဲ့ပါတယ်။
” ကလပ်တွေက သတင်းရင်းမြစ်တွေကတော့ လီဗာပူးအသင်းဟာ ဒါဝင်အတွက် နောက်ဆုံးမိနစ် အပြောင်းအရွှေ့ ကမ်းလှမ်းမှုမှာ လက်ခံပေးသွားမှာ မဟုတ်ကြောင်း ထပ်မံ အတည်ပြုထားပါတယ် ” လို့ ၎င်း က ဆိုတာပါ။
မနှစ်ကရာသီ လီဗာပူးအတွက် ၅၄ ပွဲ ကစားခဲ့တဲ့ ဒါဝင်ဟာ သွင်းဂိုး ၃၁ ဂိုးမှာ ပါဝင် ပတ်သက်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးကတော့ ဒါဝင်ဟာ တိုးတက်လာဆဲ ကစားသမားအဖြစ် မြင်ထားပြီး ဆက်ထိန်းသွားလိုနေတာဖြစ်ပါတယ်။