၂၀၂၄-၂၀၂၅ ဘောလုံးရာသီ မှာ ပုံစံ အသစ်နဲ့ စတင် ကျင်းပမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ Phase အဆင့် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ အတော်လေး ရင်ခုန် စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။
သဘောမကျစရာတစ်ခုက ပုံစံဟောင်းလို မဲနှိုက်နေမယ်ဆိုရင် အရမ်းကြာသွားနိုင်တာကြောင့် Auto စနစ်ကို သုံးထားတာဖြစ်လို့ ကလပ်တွေက သူတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက် ၈ သင်းကို ချက်ချင်း သိရတာဖြစ်ပါတယ်။ ဒီပွဲကို GOAT ကြီး စီ ရော်နယ်ဒို တက်ရောက်ပြီး ပါဝင် ကူညီသွားပါတယ်။
စိတ်ဝင်စားစရာက ယခင်ကလို အသင်း ၄ သင်းကြား အုပ်စုအဆင့် ယှဉ်ပြိုင်ရတာထက် ပိုပြီး ကြမ်းတဲ့ ပွဲတွေကို ကြည့်ရဖို့ ဖြစ်လာခဲ့တာပါ။
ချန်ပီယံလိဂ် မဲအိုးတွေ အလိုက် အသင်းတွေ ရင်ဆိုင်ရမယ့် ပွဲစဉ် ဇယား အပြည့်အစုံက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Pot 1 အသင်းများရဲ့ ပွဲစဉ်များ
Pot 2 အသင်းများရဲ့ ပွဲစဉ်များ
Pot 3 အသင်းများရဲ့ ပွဲစဉ်များ
Pot 4 အသင်းများရဲ့ ပွဲစဉ်များ
အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူးအသင်းက ခက်ခဲတဲ့ ပြိုင်ဘက်ကောင်းတွေကို ရင်ဆိုင်ရမှာဖြစ်ကာ မန်စီးတီး၊ အာဆင်နယ်တို့ အနည်းငယ် ချောင်ပါတယ်။ အက်စတွန်ဗီလာကတော့ ထိပ်ဆုံး ၈ သင်းထဲ ပါဝင်နိုင်ပါ့မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။