စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးက သိမ်းငှက်တွေကို ရိုက်ချမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ သုံးသပ် ဟောကိန်းထုတ်ချက်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၇ နာရီမှာ ယှဉ်ပြိုင်မှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ချယ်ဆီးနဲ့ ပဲလေ့စ်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အိုလီဗာ ဂလက်စနာ ရောက်လာကတည်းက ပဲလေစ့်တို့ဟာ စိတ်လှုပ်ရှားဖွယ် ဘောလုံးကစားဟန်မျိုး ပြသလာနေပါတယ်။

ချယ်ဆီးက ဝေဖန်မှုတွေနဲ့ ကင်းလွတ်ခြင်း မရှိသေးသလို အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ လုပ်ထားတဲ့ ခေါ်ယူမှုတွေကြောင့် ကြီးမားတဲ့ လူစာရင်းကြီး ဖြစ်နေတဲ့အပေါ် လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ အရင်အပတ်ကတော့ မာဒူခီနဲ့ ပါလ်မာတို့ တွဲကစားသွားတာ သိပ်ကောင်းပါတယ်။

ပဲလေစ့် ကစားပုံက ချယ်ဆီးအတွက် အံဝင်ပါလိမ့်မယ်။ ချယ်ဆီးကပဲ သိမ်းငှက်တွေကို ရိုက်ချနိုင်ပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ ခရစ္စတယ် ပဲလေစ့် ဖြစ်ပါတယ်။