အိုးထရက်ဖို့ဒ်မှာ ဂိုးတွေမြူးမယ် ဆိုတဲ့ ပေါမာဆန်ရဲ့ မန်ယူ – လီဗာပူး ပွဲကြို သုံးသပ်ချက်နဲ့ခန့်မှန်းရလဒ်

ဒီတပတ် စူပါဆန်းဒေးမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ဟာ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ ချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ယူနိုက်တက် နဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဘယ်လောက်တောင်ကောင်းတဲ့ ပွဲ ဖြစ်မလဲဗျာ။ ပြီးခဲ့တဲ့ ဘရိုက်တန်ပွဲမှာ ယူနိုက်တက်က မဆိုးပေမယ့် ကံတော့ ဆိုးခဲ့ပါတယ်။ သွင်းဂိုး ပယ်ဖျက်ခံရတာက ကျနော်အတွက်ဆို အဓိပ္ပာယ်မရှိပါဘူး။ ဘောလုံးက ဘယ်လိုနေနေ ဂိုးနေပြီပဲဟာ။

ဘရိုက်တန်ပွဲကို သရေလောက်ရခဲ့မယ်ဆိုရင် ယူနိုက်တက်အတွက် စိုးရိမ်နေစရာ မရှိပါဘူး။ အဖွင့်ပွဲကို အနိုင်ရထားခဲ့သလို သူတို့ ကောင်းကောင်းလည်း ကစားထားခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ ဖိအားတွေ အများကြီး ရှိနေပါမယ်။

လီဗာပူးက အာနယ် ဆလော့ လက်အောက်မှာ ထူးချွန်နေပါတယ်။ ချီယေဆာကို ပေါင် ၁၁ သန်းနဲ့တင် ရလိုက်တာက သိပ်တန်ပါတယ်။ သူက လီဗာပူးကို အင်အား၊ အရှိန်တွေပေးမယ့် အီတလီ လက်ရွေးစင်ပါ။ သူသာ အင်္ဂလန်ကစားသမားဆို ပေါင် သန်း ၄၀ လောက် တန်ပါတယ်။

အရင်ပွဲမှာ လူစားလဲခံရတာကို ထရန့်က စိတ်ပျက်ခဲ့ပေမယ့် ဒါက သူ့စာချုပ်ကိစ္စအတွက် ပြဿနာဖြစ်စေမယ် ကျနော် မထင်ပါဘူး။ သူ စိတ်ပျက်ခဲ့တာကို ကျနော် သဘောကျပါတယ်။ ထိပ်တန်း ကစားသမားတွေဟာ ပွဲတိုင်း မိနစ်တိုင်းကို ကစားချင်ကြတာပါ။

လီဗာပူးက ရေပန်းစားနိုင်ပေမယ့် ကျနော်ကတော့ ၂-၂ သရေကျသွားမယ် ထင်ပါတယ်။ ဒီပွဲမှာ ဂိုးတွေမြင်ရမှာပါ။ တနင်္ဂနွေနေ့ပွဲကို ကျနော်တော့ မစောင့်နိုင်အောင်ပါပဲ။ ” လို့ မာဆန်က သုံးသပ်သွားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လီဗာပူး ဖြစ်ပါတယ်။