အာဆင်နယ် အသင်း နည်းပြ အာတီတာကတော့ မနေ့ညက ဘရိုက်တန်နဲ့ ပွဲမှာ ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ် ထုတ်ခံရခြင်းနဲ့ ပတ်သက်လို့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အမှားကို ထောက်ပြသွားပါတယ်။
ပထမပိုင်းမှာ အဝါကတ် ထိထားတဲ့ ရိုက်စ်ဟာ ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်အသင်း ကစားကွက် ပြန်စတင်မှုကို နှောင့်နှေးအောင် လုပ်ခဲ့တယ်ဆိုတာ နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာကပဲ ပထမပိုင်းမှာ တူညီတဲ့ အနေအထားမျိုးတွေကို ဘရိုက်တန်ဘက်က လုပ်ခဲ့ကြောင်းနဲ့ ပြိုင်ဘက်အသင်း ညာအစွန်လူ ဗတ်မန်းဟာလည်း အနီကဒ် ပြခံရသင့်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
အာတီတာက “ တစ်ပွဲလုံး တသမတ်တည်း ဆုံးဖြတ်နေခဲ့မယ်ဆိုရင် အဆင်ပြေတာပေါ့ အခုက အဲ့လိုမှ မဟုတ်ဘဲ။ ပထမပိုင်းမှာ အကြိမ်အချို့ သူတို့ဘက်က ဘောလုံးကို ကန်ထုတ်နေတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလေ။ ဒီတော့ ဆုံးဖြတ်ချက်တွေ တသမတ်တည်း မဟုတ်ပါဘူး။
သူတို့ဘက်က ဗတ်မန်းလည်း ထုတ်ခံရမယ်ဆိုရင် ကျနော်တို့ ၁၀ ယောက် ၁၀ ယောက်ချင်း ကစားရမှာပါ။ ဗတ်မန်းကလည်း အနီကတ် ပြခံရသင့်တာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ညက ဘရိုက်တန်ကို သရေကျလိုက်တာကြောင့် အာဆင်နယ်ဟာ ရာနှုန်းပြည့် နိုင်ပွဲရနေမှု ရပ်တန့်ခဲ့ပေမယ့် ဘရိုက်တန်ကို သရေရအောင် ကစားနိုင်ခဲ့တာကြောင့် ၃ ပွဲကစား ရမှတ် ၇ မှတ် ယူထားပါတယ်။