မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် တစ်သင်းကို ကိုင်တွယ်ရတဲ့ နယ်သာလန် နည်းပြချင်း တူပေမယ့် အာနယ်ဆလော့ဟာ လီဗာပူးကို စတင်ကိုင်တွယ်ရတာ သူ့ထက် လွယ်ကူတယ်လို့ ပြောဆိုလိုက်ပါတယ်။
တန်ဟက်က ၀၂၂ တုန်းကစလို့ ယူနိုက်တက်ကို သူဆက်ခံရတာဟာ ” ဘဝတစ်လျှောက် အခက်ခဲဆုံး အလုပ်တာဝန် ” လို့ တင်စား ပြောဆိုခဲ့ပါတယ်။
ဆလော့ကတော့ ကလော့ပ် ကာလရှည် တည်ဆောက်လာတဲ့ အသင်းကို အဆင်သင့် တာဝန်ယူနေရတာမို့ မခက်ခဲဘူးလို့ ၎င်း က မြင်ပါတယ်။
တန်ဟက်က ” ဆလော့ အကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးက ခြားနားတဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်ဆိုတာ ရှင်းပါတယ်။
သူတို့မှာက ရင့်ကျက်ပြီး အတူတကွ တွဲကစားလာတာ ကြာနေတဲ့ အတွေ့အကြုံရင့် အသင်း တစ်သင်းဆိုတဲ့ အခြေအနေပါ။ ကျနော်တို့မှာတော့ အခြေအနေက ရောထွေးနေပြီး အသင်းသစ် တစ်သင်းကို တည်ဆောက်နေရပါတယ်။
လီဗာပူးအသင်းဟာ အသင်းအနေနဲ့ကော တည်ဆောက်ပုံပါ ရှင်းလင်းပါတယ်။ ကစားသမားတွေကြား ဆက်ဆံရေးတွေကလည်း ကောင်းမွန်တယ်။ နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်လာတဲ့ ဒီလိုအသင်းကို ဆလော့က ဆက်ခံခွင့်ရခဲ့တာပါ။
ဒီတော့ အရင်လီဗာပူးအတိုင်းပဲ ဆက်ရှိနေဆဲဆိုပေမယ့် တချို့ သူ ထပ်ပေါင်း လုပ်ဆောင်လာတာလေးတွေတော့ ရှိပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်သား နည်းပြနှစ်ဦးဟာ ဒီနေ့ည အိုးထရတ်ဖိုဒ့်မှာ ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာပဲ ဖြစ်ပါတယ်။