မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေည အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို ဧည့်ခံ ကစားရာ ၃ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
ဒီပွဲမှာ လီဗာပူးရဲ့ ဖိအားပေး ကစားမှုဟာ ကွင်းလယ်က ကာဆီမီရိုနဲ့ မိုင်နူးတို့ဆီက ဘောလုံး မကြာခဏ ဆုံးရှုံးစေပြီး ဂိုးတွေပါ ပေးခဲ့ရစေတာပါ။
ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ ထိုနှစ်ဦးကြောင့် အသင်း ရှုံးတာလို့ အပြစ်တင်စရာ မလိုကြောင်း ကာကွယ် ပြောဆိုခဲ့သလို အနိုင်ရသွားတဲ့ လီဗာပူးကိုပါ Congratulations လုပ်ခဲ့ပါတယ်။
” ကိုယ့် အမှားကနေ ဂိုးပေးလိုက်ရတယ် ဆိုတာက အမြဲ ရှိတတ်တာပဲ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်တင်နေဖို့ မလိုဘူး၊ ဒါက အခုနေမှာ ဘာအကူအညီမှလည်း မဖြစ်ဘူး။
တစ်ဂိုး ပေးလိုက်ရတိုင်း ဘယ်သူ့ အမှား ဆိုပြီး အပြစ်ရှာနေလို့ မရဘူး။ ကာဆီမီရို ဘောလုံး ဆုံးရှုံးလိုက်ရတာ ဖြစ်ဖြစ် မိုင်နူး ဘောလုံး လွှတ်လိုက်ရတာပဲ ဖြစ်ဖြစ် .. ဘာလို့ ပြောနေတော့မှာလဲ. ?
သူတို့ ရဲရဲရင့်ရင့် ကစားချင်လို့ လုပ်ရင်း ဘောလုံး ဆုံးရှုံးသွားတာပဲ။ ဒါက ဘောလုံးရဲ့ တစိတ်တပိုင်းပါ။ ဘယ်သူ့ကြောင့်ရယ် ဆိုပြီး တစ်ဦး တစ်ယောက်ကို ပြောနေလို့ မရဘူး။
ကာဆီမီရို က ကျွန်တော့်ထက် ဝါရင့်သူပါ။ သူ့ကို ဘာလုပ် ဘာလုပ် ကျွန်တော်က ပြောနေစရာ မလိုဘူး။ သူက ဘောလုံး အကြောင်း အကုန်သိတယ်။ ကမ္ဘာ့ အကောင်းဆုံး ကလပ် အသင်း နှစ်သင်း အတွက် သူ ကစားဖူးတယ်။ ကိုဘေး (မိုင်နူး) ဆိုလည်း အတော်ဆုံး ကောင်လေးပဲ။ ကျွန်တော်ကတော့ အမှားတွေ ရှိသည့်တိုင် သူ့ကို ဆက်ပြီး ကြိုးစားစေချင်တယ်။
ကျွန်တော်တို့ ပြီးသွားတဲ့ အတိတ်ကို ပြန်ကြည့်နေဖို့ မလိုဘူး။ နောက် မတူအောင် လုပ်ပြဖို့ပဲ လိုတယ်။ ပွဲက ရှုံးသွားပြီ၊ လီဗာပူးရေ ကွန်ဂရက်ကျူလေးရှင်းပါ။ သူတို့က ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့တယ်လေ။ ” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောခဲ့တာ ဖြစ်ပါတယ်။