ဒီတပတ် လီဗာပူးက ယူနိုက်တက်ကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်လိုက်ချိန် အာဆင်နယ်ကတော့ အမ်းမရိတ်မှာ ဘရိုက်တန်နဲ့ ၁-၁ သရေကျသွားတာကြောင့် အမှတ် စ လျော့ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၃ ပွဲ ကစားပြီးချိန် ဖလား စိန်ခေါ်နိုင်တဲ့ အသင်းတွေထဲ စီးတီးနဲ့ လီဗာပူးတို့က နိုင်ပွဲ အပြည့် ရယူထားတာပါ။
ဘောလုံးရာသီရဲ့ အစောပိုင်း နေ့ရက်ထဲမှာသာ ရှိနေသေးပေမယ့် မိုက်ကယ် အိုဝင် ကတော့ ဒီရာသီ မန်စီးတီးကို အကြီးမားဆုံး စိန်ခေါ်လာမှာက ဆလော့ရဲ့ လီဗာပူး လို့ သုံးသပ်လိုက်ပါတယ်။
” ပက် ဂွာဒီယိုလာကို ဒီရာသီ သူ့အတွက် အကြီးမားဆံံုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းက ဘယ်အသင်းလဲ လို့ မေးရင် အာဆင်နယ်နဲ့ လီဗာပူး နှစ်သင်းထဲက တစ်သင်းသင်းကို ရွေးမှာ သေချာပါလိမ့်မယ်။
ဘောလုံးရာသီ စတင်ချိန်မှာတော့ သူက အာဆင်နယ် လို့ ပြောကောင်း ပြောလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် ရာသီက အသင်းကိုမှ ဒီမန်နေဂျာ၊ ဒီ ကစားသမားတွေပဲ အပြင် နောက်ထပ် လူသစ် နှစ်ယောက်လောက် ထပ် ပေါင်းလိုက်တာ။
ဒါပေမယ့် လီဗာပူးမှာ မန်နေဂျာသစ်နဲ့ ဘာဖြစ်မလဲ ဆိုတာ ပြောရနည်းနည်း ခက်ခဲ့လိမ့်မယ်။ လုံးဝ စတိုင်အသင်းနဲ့ ဖြစ်လာမှာလား ? ပြန်အသားကျဖို့ အချိန်ယူရမှာလား စသဖြင့် မေးခွန်းတွေ ရှိမယ်။ လီဗာပူးဘက်ကနေ ကြည့်မယ် ဆိုရင် ကောင်းတဲ့ တစ်ချက်ကတော့ လက်ရှိ လူစာရင်းကို ဆက်ထိန်းထားတာပဲ။
အဓိက အသင်းသားထဲက ထွက်ခွာသွားတာ မရှိသလောက်ပဲ။ အသင်းးက structure ကျနေပြီးသား။ ဒါပေမယ့် လီဗာပူးကို စောင့်ကြည့်ချင်စရာတွေ များခဲ့တယ်။
ဒါပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲ ပြီးသွားချိန်မှာတော့ လုံးဝကို ဝိုး လို့ ဖြစ်လာရပြီ။ သူတို့ကို ရပ်တန့်ဖို့ ဆိုရင် တကယ် ထူးရှယ်အသင်းမှပဲ ရမယ်။ သူတို့ ယူနိုက်တက်ကို အပြတ် ချေမှုန်းလာတာ။ ” လို့ အိုဝင်က သုံးသပ်လိုက်ပါတယ်။