နယူးကာဆယ် ပါဝင်နေတဲ့ စူပါကွန်ပျူတာရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သော ကလပ် ၄ သင်း

ပရီးမီးယားလိဂ် ပွဲစဉ် ၃ အပြီးမှာတော့ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်ကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

အပတ်တိုင်း ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ အသင်းတွေကို တွက်ချက်လေ့ရှိတဲ့ နာမည်ကြီး Opta ရဲ့ စူပါကွန်ပျူတာ က ပွဲစဉ် ၃ အပြီးမှာ ကလပ် ၄ သင်းကပဲ ဆုဖလား စိန်ခေါ်နိုင်မယ် လို့ တွက်ချက် ဖော်ပြ လာပါတယ်။

လက်ရှိ အဆင့် ၃ မှာရှိနေတဲ့ ဘရိုက်တန်တောင် မပါလာခဲ့ပါဘူး။ စူပါကွန်ပျူတာ ရွေးချယ်တဲ့ ချန်ပီယံဖြစ်နိုင်မယ့် အသင်းတွေက မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ နယူးကာဆယ်တို့ဖြစ်ကာ သူတို့ထဲမှာ နယူးကာဆယ်ဟာ ချန်ပီယံဖြစ်နိုင်ခြေ ၁၀၀၀ ပုံ ၁ ပုံဖြင့် ပါလာခဲ့တာဖြစ်ပါတယ်။

ရာသီစတုန်းက ချန်ပီယံဖြစ်နိုင်ခြေ ၅.၁% ပဲရှိခဲ့တဲ့ လီဗာပူးဟာ လက်ရှိမှာ ဒုတိယနေရာကို ၈.၄% ထိ တက်လာပါတယ်။ အာဆင်နယ်ကတော့ ၁၂.၂% ကနေ လက်ရှိမှာ ၇.၇% ထိ ဆင်းသွားပါတယ်။

မန်စီးတီးအသင်းကတော့ ရာသီစတုန်းကထက်တောင် ချန်ပီယံဖြစ်နိုင်ခြေ ပိုများလာပြီး (၈၃.၉%) ဖြင့် ၅ ရာသီဆက် ချန်ပီယံဖြစ်မယ်လို့ အပြတ်အသတ် ရေပန်းစားနေဆဲဖြစ်ပါတယ်။

Opta ရဲ့ ရာသီစ PL ချန်ပီယံဖြစ်နိုင်ခြေ

  • Man City – 82.2%
  • Arsenal – 12.2.%
  • Liverpool – 5.1%
  • Chelsea – 0.2%

ပွဲစဉ် ၃ အပြီး Opta ရဲ့ PL ချန်ပီယံဖြစ်နိုင်ခြေ

  • Man City – 83.9%
  • Liverpool – 8.4%
  • Arsenal – 7.7%
  • Newcastle – 0.1%

လက်ရှိချန်ပီယံ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အခုမှ ရာသီကြို ပြီးဆုံးသွားခြင်းဖြစ်ကာ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ရာသီသစ်က အမှန်တကယ်ကြီး စတင်ပြီဖြစ်ကြောင်း ကြိုတင် လှုံ့ဆော်ထားပါတယ်။