မန်ချက်စတာ ယူနိုက်တက်ဟာ နွေတုန်းက အရောင်းစာရင်းမှာ နောက်ခံလူ လင်ဒီလော့ဖ်ကို ထည့်သွင်းခဲ့ပေမယ့် စိတ်ဝင်စားတဲ့ ကလပ် မရှိတာကြောင့် အသင်းမှာ ဆက်ထိန်းထားခဲ့ရပါတယ်။
ဆွီဒင်သားကို အစွန် နောက်ခံလူ အဖြစ် အရန် ဆက်ထားထားဖို့သာ ယူနိုက်တက်တို့ ရွေးစရာ ရှိခဲ့တာပါ။
လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရာသီက ဘယ်နောက်ခံလူ အဖြစ် ၆ ပွဲသာ ပွဲထွက်ခဲ့ပြီး ဒဏ်ရာတွေကြောင့် အသင်းသစ် မရနိုင်ဘဲ ယူနိုက်တက်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
နွေတုန်းက ယူနိုက်တက်ဟာ ဘယ်နောက်ခံလူသစ် ခေါ်ယူဖို့ စီစဉ်ခဲ့သေးပေမယ့် အဆုံးမှာတော့ အကယ်ဒမီမှ အသက် ၁၇ နှစ် အရွယ် လူငယ်လေး ဟယ်ရီ အာမက်စ်ကိုသာ စီနီယာ အသင်းထံ ခေါ်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကမှ တစ်နှစ် သက်တမ်းတိုးထားတဲ့ လင်ဒီလော့ဖ် ဟာ ရောင်းမထွက်တော့တဲ့ ကစားသမား ဖြစ်နေပြီး ခေါ်ယူလိုတဲ့ အသင်း မပေါ်လာတာကြောင့် ယူနိုက်တက် ဟာ ၎င်းကို အရန် အစွန် နောက်ခံလူ အဖြစ်သာမက ဆဌမ ဦးစားပေး ဗဟိုခံစစ်မှုး အဖြစ်ပါ သုံးရဖွယ် ရှိနေပါတယ်။